Chapter (12)

1K 254 20
                                    

Chapter (12)

Act 2: Hairspray (5)
ခွေးပုံလေးတွေကို ဘယ်သူမှသဘောမကျကြဘူးလား

ရှန်းချိုက်သည် ဝမ်ချင်းယွမ်၏ သူငယ်ချင်းတောင်းဆိုချက်ကို လက်ခံပြီးနောက် စနစ်မှကြေညာချက်ကို  ကြည့်လိုက်သည်။ " သင်တို့အခု QQ မှာ သူငယ်ချင်းဖြစ်သွားပါပြီ၊ ယခုကစပြီး အချင်းချင်းစကားပြောလို့ ရပါပြီ "

စကားပြောရမယ်……

စကားပြောရမယ်…………

သူ-သူ-သူ-သူ-သူက နတ်ဘုရားကြီးနဲ့ စကားပြောရမှာလား???

ရှန်းချိုက်သည် ထိုနေရာတွင်သာထိုင်နေပြီး သူ့လက်ကိုင်ဖုန်းကိုကိုင်ထားကာ ၎င်းမှာ မိနစ်ပိုင်းအတွင်း ပေါက်ကွဲနိုင်သော ချိန်ကိုက်ဗုံးတစ်လုံးလို ခံစားနေရသည်။

" ယွမ်တာ့က ကျွန်တော့်ကို ကိုယ်တိုင်လာ Add ဖို့ မမျှော်လင့်ထားခဲ့ဘူး!"  " နတ်ဘုရားယွမ်. . .အမိန့်ရှိပါ!"  " ဆရာဝမ်ချင်းယွမ်. . . စားပြီးပြီလားခင်ဗျ! "  " ယွမ်တာ့က ကျွန်တော့်အကြိုက်ဆုံး CV ပါ!!"
( တာ့သည် ရှောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ တာ့သည်ကြီးပြီး ရှောင်းက ငယ်သည်၊ တာ့သည် ငယ်သည့်သူက ကြီးသည့်သူအပေါ် သုံးနှုန်း၏။ )

မရေမတွက်နိုင်သော နှုတ်ဆက်စာကြောင်းများသည် ရှန်းချိုက်၏ဦးနှောက်အတွင်း ပျံ့ကျဲနေတော့သည်။ သူ့လက်ချောင်းများမှာ မိုဘိုင်းလ်ဖုန်းမျက်နှာပြင်ကိုတို့ထိနေပြီး အကြိမ်ကြိမ်ဖျက်ကာ စာကြောင်းများလည်း အကြိမ်ကြိမ်ပြန်ရေးနေပြန်သည်။

ချီကျိက စိုးရိမ်တကြီးကြည့်လိုက်ပြီး သူ့ကိုအမြန်လှုံ့ဆော်လိုက်၏။ " နတ်ဘုရားကြီးကို အချိန်ဆွဲမနေနဲ့! အီမိုဂျီလေးတစ်ခုလောက်ပို့လိုက်လေ "

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်! အီမိုဂျီတစ်ခုခုပို့ရမယ်! " သူ့နောက်ကျောတွင် နာရီလက်တံလို လှည့်လို့ရသည့် အတံလေးတစ်ခု ရှိနေသည်လို့တောင် ရှန်းချိုက်ခံစားနေရပြီး တစ်စုံတစ်ယောက်ကသာ သူ့ကိုမလှည့်ပေးပါက ဘာမှမလုပ်တတ်မကိုင်တတ် ဖြစ်နေတော့သည်။

အဆင်ပြေနိုင်မည့် အသုံးအနှုန်းအတွက်  ဖုန်းအီမိုဂျီများတွင် အလျင်အမြန်ရှာဖွေပြီး အားအင်အပြည့်နှင့် ပင်ဂွင်းလေးတစ်ကောင်ကို ရွေးချယ်လိုက်၏။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now