Chapter (64)

1.2K 191 6
                                    

Chapter (64)

Act 8: The Cat Who Wants to Become Human (8)
ချီကျိ ပြန်ရောက်လာတယ်

ထန်ယီမင်နှင့်စကားပြောပြီးနောက် ရှန်းချိုက်လည်း သူ့အမြင်ကို သဘောတူခဲ့သည် - မျက်စိစုံမှိတ်ရှောင်ခြင်းသည် ပြဿနာကိုဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်ပေ။  သူသာ ချီကျိကို  သူငယ်ချင်းတစ်ယောက်အနေနှင့် ချစ်ခင်မြတ်နိုးနေဆဲဖြစ်ပါက သူအနေနှင့် ပွင့်ပွင့်လင်းလင်း  ရိုးသားစွာ ပြောဆိုဆက်ဆံရမည်သာ။

ဘယ်လိုစကားကို ဘယ်အချိန်မှာပြောရမယ်ဆိုတာကိုပဲ သူ သေသေချာချာစဉ်းစားဖို့ လိုမယ်။

ထို့အပြင် ချန်ဇီရန်နှင့်လည်း အကြိမ်ကြိမ်အခါခါ  စကားပြောနိုင်ရန် ကြိုးစားခဲ့သေး၏။ ကံမကောင်းစွာပင် ချန်ဇီရန်မှာ အလုပ်များလွန်းနေပြီး သူ ချန်ဇီရန်နှင့် စကားပြောတော့မည်ဆိုတိုင်း ချန်ဇီရန်၏ ဒါရိုက်တာ / အေးဂျင့် / လက်ထောက်တို့အပြင် အခြားအခြားသော အနုပညာရှင်များ၏ ခေါ်ထုတ်သွားခြင်းနှင့်သာ ကြုံခဲ့ရသည်။

ခန့်မှန်း : မင်း ဘယ်လောက်တောင် အလုပ်များနေတာလဲ?? ကြည့်ရတာ တစ်နေ့ကို ၂၄ နာရီလောက် အလုပ်လုပ်နေရတဲ့အတိုင်းပဲ

ရုပ်ချောကြီး ချန်ဇီရန် : ၂၄ နာရီတော့မဟုတ်ဘူး၊ ဒါပေမယ့် နာရီ ၂၀ နီးပါးလောက်ရှိတယ်

ရုပ်ချောကြီး ချန်ဇီရန် : မနေ့က တစ်နေ့တည်းတင်  မဂ္ဂဇင်းသုံးခုအတွက် ဓာတ်ပုံရိုက်ပေးခဲ့ရတယ်။ ညဘက်မှာလည်း အကြီးစားဇာတ်လမ်းတစ်ခုရိုက်ဖို့ အဖွဲ့သားတွေဆီကို အမြန်ပြန်လာရတယ်။  ဒီမနက် မိတ်ကပ်တွေဖျက်ပြီးပြန်တော့လည်း ရသစုံရှိုးအတွက် အမြန်သုတ်ခြေတင်ထွက်ရပြီး ကားထဲမှာပဲ အိပ်လိုက်ရတယ်

ခန့်မှန်း : ... မင်း ဒီပုံအတိုင်းဆို ကောက်ကာငင်ကာနဲ့ သေသွားမှာတော့ မဟုတ်ဘူးမှတ်လား??

ရုပ်ချောကြီး ချန်ဇီရန် : တခြားနည်းလမ်းလည်း မရှိတော့ဘူး။  ဒီစက်ဝိုင်းထဲကို ဝင်လာပြီးပြီဆိုတာနဲ့  မင်းက ငွေမရှာတော့ရင်တောင် မင်းဘဝကို ငွေကဖန်တီးပေးနေမှာပဲ

သူ့အတန်းဖော်ဟောင်းမှာ မည်မျှအထိ နာမည်ကြီးနေပြီမှန်း ရှန်းချိုက်လည်းသိလေသည်။  သူသည်  ပထမတန်းစား အသားတုံးလေးမဟုတ်သော်လည်း သူ့ကျော်ကြားမှုမှာ လေဆိပ်လောက်ကိုတော့ ပိတ်ဆို့သွားအောင် စွမ်းဆောင်နိုင်၏။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now