Chapter (68)

829 190 10
                                    

Chapter (68)
Act 9: A Secret That Cannot Be Told (2)
ခွေးစာစားခြင်း

ဩဂုတ်လနောက်ဆုံးပတ် ကျောင်းပြန်မဖွင့်ခင်အချိန်တွင် ရှန်းချိုက်လည်း ကျောင်းမှအမြန်ထွက်ခွာပေးခဲ့သည်။

ထန်ယီမင်က သူပြောင်းရွေ့စဥ်တွင် သူ့ကိုလာကြိုပေးရမလားဟု မေးမြန်းခဲ့၏။

ရှန်းချိုက်သည် သူ့တွင် ခရီးဆောင်အိတ်နည်းနည်းသာရှိသောကြောင့် လာကြိုရန်မလိုအပ်ကြောင်းပြန်ပြောထားလိုက်သည်။

သို့သော်လည်း ထန်ယီမင်ကတော့ သဘောမတူဘဲ ရှန်းချိုက်တို့အဆောင်ဘေးသို့ ကားမောင်းလာကာ လာကြိုခဲ့လေသည်။

ထို့ကြောင့် သူ့ကိုယ်ပိုင် ခရီးဆောင်အိတ်နှစ်လုံးကိုဆွဲ၍ ရှန်းချိုက် အောက်ထပ်သို့ဆင်းလာချိန်တွင် ငွေဖြူရောင် SUV ကားဘေးတွင်ရပ်နေကာ လုံခြုံရေးဦးလေးကြီးနှင့်စကားပြောနေသည့် ထန်ယီမင်အား တွေ့လိုက်ရတော့သည်။

"ခဏ​လေးပါ... ပြီးတာနဲ့ သွားတော့မှာပါ"

"ကျွန်တော် ကျောင်းသားတစ်ယောက်ကို လာကြိုတာပါဆို"

"မဟုတ်ဘူး၊ မဟုတ်ဘူး... ကျောင်းသားမိဘတော့မဟုတ်ပါဘူး... အသက်က သုံးဆယ်ပဲရှိပါသေးတယ်၊ ကျွန်တော့်အရွယ်နဲ့ ဒီလောက်ကြီးတဲ့ကလေးမျိုး ရှိနိုင်ပါ့မလား??"

ရှန်းချိုက်လည်း ကူကယ်ရာမဲ့သွားပြီး အနည်းငယ်ရွှင်မြူးသွားသလို ခံစားလိုက်ရကာ သူတို့စကားဝိုင်းကို တစ်ခန်းရပ်ပေးရန် လမ်းလျှောက်လာခဲ့သည်။ "လုံခြုံရေးအစ်ကိုကြီး... ဒီအစ်ကိုက ကျွန်တော့်ကိုလာကြိုတာပါ"

နေရာရွှေ့ပြောင်းရန်အတွက် ရှန်းချိုက်သည် သူ့ကိုယ်ပိုင်အင်အားကိုသာ အားကိုးရသည်။ သူသည်  ဟွားဝူအကယ်ဒမီ၏အင်္ကျီကို ၀တ်ဆင်ထားကာ သူ့အဝတ်အစားများကလည်း အလွန်ပါးလွှာ၏။ အပေါ်ထပ်မှနေ၍ ခရီးဆောင်အိတ်ကြီးနှစ်လုံးကို  သယ်ရွှေ့ခဲ့ပြီးချိန်တွင်တော့ သူ့အဝတ်တစ်ထည်လုံးက ချွေးများဖြင့်စိုရွှဲနေတော့သည်။

လုံခြုံရေးဦးလေးကြီးကလည်း ထန်ယီမင်ကိုကြည့်နေရင်း ရုတ်တရက်သဘောပေါက်သွားကာ "ဪ... မင်းက Delivery သမားပေါ့!"

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now