Chapter (16)

1K 211 1
                                    

Chapter (16)

Act 3 : Rachmaninoff (3)
ခန့်မှန်း : [နူးညံ့တဲ့ ငန်းဝတုတ်လေး - မင်း အရမ်းမိုက်တာပဲ] . ပုံ

ဝမ်ချင်းယွမ်သည် သူ့အား “ ငန်းပေါက်လေး ” ဟု ခေါ်ပြီးသည့်နေ့မှစ၍ ရှန်းချိုက်၏ ရိုးသားသောလက်လေးများ စတင်လှုပ်ရှားနေတော့သည်. . .

ငတုံးခွေးလေး အီမိုဂျီများကို သူ့လက်ကိုင်ဖုန်းမှ ရှင်းထုတ်ပစ်လိုက်ပြီး အင်တာနက်မှ သဘောကျချင်စဖွယ် ငန်းပုံများစွာကို စတင်စုဆောင်းတော့သည်။ သူသည် ကျန်းဟူတွင် ဆရာကျကျ လှည့်လည်သွားလာနိုင်ရန်အတွက် ထူးခြားသောအထောက်အပံ့များအဖြစ် သီးခြားအီမိုဂျီ ပက်ကေ့ခ်ျတစ်ခုကို ပြုလုပ်ခဲ့သည်။

[ခွေးငတုံးလေး ဟောင်နေသံ] သည်  [ငန်းပေါက်လေး အော်သံ] ဖြစ်လာပြီး  [ငတုံးခွေးလေး လက်ပြနေပုံ] သည် [ငန်းလေး လက်ပြနေပုံ] ဖြစ်လာသည်။  အခြေအနေအရပ်ရပ်နှင့် ကိုက်ညီသည့် အီမိုဂျီများရရှိရန် တစ်နေကုန်တစ်နေခမ်း အလုပ်ရှုပ်ရင်း ပျော်ရွှင်နေခဲ့သည်။

နတ်ဘုရားကြီး ဝမ်ချင်းယွမ်သည် အဖွဲ့ထဲတွင် အချိန်အတော်ကြာထိ စကားပြောလေ့မရှိသော်လည်း တစ်နေ့တွင်တော့ သူသည် ရှန်းချိုက်ပို့သည်များကို သေချာပေါက်မြင်လိမ့်မည်ဟု  ယုံကြည်နေခဲ့သည်။

ခွေးပုံ အီမိုဂျီပက်ကေ့ခ်ျတွင် [ခွေးလေး တုန်လှုပ်နေခြင်း] ဟုခေါ်သော gif တစ်ခု ရှိ၏။ စခရင်ပေါ်တွင် Corgi ခွေးလေးတစ်ကောင်က သူ့ခေါင်းကို ဆိုဖာအောက်တွင်ဝှက်ထားပြီး လူတော်တော်များများ ညှစ်ချင်စရာဖြစ်သော ပေါင်မုန့်ကဲ့သို့ လုံးဝန်းနေသည့် တင်ပါးလေးများကိုသာ ထုတ်ပြထားသည်။ ဤသို့ တုန်လှုပ်နေသော အီမိုဂျီလေးသည် စိုးရိမ်စိတ်နှင့် ကြောက်ရွံ့ခြင်းအတွက်ကိုယ်စားပြုပြီး ရှန်းချိုက်အသုံးအများဆုံး အီမိုဂျီများထဲမှ တစ်ခုဖြစ်၏။

သက်ဆိုင်ရာ စိတ်ခံစားချက်နှင့်ဆိုင်သော ငန်းပုံလေးများကို ရှာဖွေရန်မှာ သိပ်တော့မလွယ်ကူပေ။ စေ့စေ့စပ်စပ် ရှာနေခဲ့ပြီး နောက်ဆုံးတွင် တစ်ခုကိုဖွင့်ကြည့်မိလိုက်သည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now