Chapter (42)

866 188 10
                                    

Chapter (42)

Act 6 : The Little Prince (4)
ထန်ယီမင် : ကျွန်တော် အလုပ်ထွက်မယ်

ရက်အနည်းငယ်အကြာတွင်တော့ ထန်ယီမင်သည် Blizzard အင်တာတိန်းမန့်၏ HR ထံမှ တရားဝင်အင်တာဗျူးသတိပေးချက်ကို လက်ခံရရှိခဲ့၏။

ထိုအီးမေးလ်တွင် စမ်းသပ်မှုကျင်းပမည့်အချိန်နှင့်နေရာတို့ကို ရှင်းလင်းစွာဖော်ပြထားပြီး "q" ပရောဂျက်သည် S+ လျှို့ဝှက်ရေးအဆင့်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ရွေးချယ်ခံထားရသူများအားလုံးသည် လူကိုယ်တိုင်သွားရောက်အကဲဖြတ်ခံရမည်ဖြစ်ပြီး အားလုံးအား Blizzard အင်တာတိန်းမန့်၏ရုံးချုပ်သို့ နှစ်ညအိပ်သုံးရက်ခရီး ခေါ်ဆောင်သွားမည်ဖြစ်သည်။

ပြဿနာမှာ ထန်ယီမင်သည် အရှေ့ဘက်ကမ်းရိုးတန်းရှိ နယူးယောက်တွင်ရှိနေပြီး Blizzard အင်တာတိန်းမန့်၏ရုံးချုပ်သည် အနောက်ဘက်ရှိ Silicon Valley* တွင်တည်ရှိနေသည်။ လေယာဉ်နှင့်ဆိုပါက အနည်းဆုံး ခြောက်နာရီလောက်ကြာမည်ဖြစ်ကာ အင်တာဗျူးကလည်း အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ စီစဉ်ထားခြင်းဖြစ်သည်။ ခရီးသွားရမည့်အချိန်ကို ထည့်သွင်းစဉ်းစားပါက တနင်္လာနေ့တွင်စထွက်ရမည်ဖြစ်ကာ နောက်ဆုံးအနေဖြင့် သောကြာလောက်မှပြန်လာနိုင်မည်ဖြစ်သည့်အတွက် ဆိုလိုသည်မှာ သူသည် အနည်းဆုံးတော့ တစ်ပတ်လောက် အလုပ်မှအနားယူရမည်ဖြစ်သည်။
[ Silicon Valley = T/N ]

ထိုအကြောင်းစဉ်းစားရင်း ထန်ယီမင်၏လက်ချောင်းများသည် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွား၏။

သူသည် ရင်းနှီးမြှုပ်နှံမှုဘဏ်တွင် အလုပ်သင်တစ်ဦးဖြစ်ကာ အစပိုင်းတွင် အင်တာဗျူးငါးခုကို အောင်မြင်အောင်လုပ်ခဲ့ရပြီး ရင်းနှီးမြှုပ်နှံမှုဘဏ်၏တံခါးဝသို့ ခြေလှမ်း,လှမ်းနိုင်ရန်အတွက် ရာနှင့်ချီသည့်ပြိုင်ဘက်များကို အနိုင်ယူခဲ့ရသည်။ ရင်းနှီးမြုပ်နှံမှုဘဏ်များ၏ အလုပ်ချိန်များသည် အမြဲတမ်းဆိုးရွားနေလေ့ရှိ၏။ ည ၁၀ နာရီလောက်တွင် အလုပ်ဆင်းရပါက ဤသည်မှာ "စော" သည်ဟု ယူဆရပြီး စနေနှင့်တနင်္ဂနွေနေ့များတွင်တော့ အလုပ်မတက်ရဘူးဟုပြောသည်ကတောင် ရယ်စရာကောင်းလှသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now