Chapter (23)

864 209 35
                                    

Chapter (23)

Act 4 : Billy Elliot (4)
မင်းဖန်တီးထားတဲ့ ဒီအသံတွေက. . .ငါ့ဆီကိုရောက်လာပြီး ငါ့နှလုံးသားလေးကို ရိုက်ခတ်သွားတယ်

ညကောင်းကင်ယံကို ဆန့်ကျင်လျက် အပြာရောင်ပြိုင်ကားတစ်စီး ထိုးရပ်ထားကာ ယောင်ရင်သည် သော့ချိတ်ကိုတော့ သူ၏သေးသွယ်သောလက်ချောင်းထိပ်ဖျားများမှတစ်ဆင့် လေထဲတွင်လှည့်ပတ်နေသည်။

သူက " ထန်ယီမင်. . . ငါကလည်း မိန်းကလေးတွေကိုမှ မကြိုက်တာ၊ ကောင်မလေးတစ်ယောက်ကို ဘာကိစ္စအိမ်ပြန်ပို့ပေးမှာတဲ့လဲ??" ဟု ပြုံး၍မေးလာလေသည်။

သူ့အရိပ်အမြွက်မှာ သိသာထင်ရှားလွန်းသဖြင့် သူ့စိတ်ထဲရှိအကြောင်းအရာများသည် မျက်နှာပေါ်တွင်တောင် မြင်နေရသည်။ သူသည် မြင်မြင်ချင်းတွင် ထန်ယီမင်ကိုချစ်မိသွားပြီး သူ့အားပိုမိုစွဲမက်သွား၏။ မဟုတ်လျှင် ထန်ယီမင်အား ပရော်ဖက်ရှင်နယ်အလုပ်ကို မိတ်ဆက်ရန် အစပြုလိမ့်မည်မဟုတ်ပေ။

ဤသည်မှာ အနည်းငယ်ပြင်းထန်သောအရာဖြစ်ပြီး ထန်ယီမင်လည်း ၎င်းကို ယခင်ကတည်းက သတိပြုမိခဲ့သည်။  သို့သော်လည်း ယနေ့ညရင်ဆိုင်ရမည်ကိုတော့ သူ မျှော်လင့်မထားပေ။

ထန်ယီမင် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီး “ ကျွန်တော်မေးမယ့်မေးခွန်းက ခင်ဗျားကျွန်တော့်မှာ ဘာတွေ့ရလို့လဲ ”

ယောင်ရင်သည် အနုပညာရှင်စိတ်ဓာတ်၊ တည်ကြည်မှု၊ ဇွဲရှိမှုနှင့် စံတင်မှုအနည်းငယ်တို့ဖြင့် ပြည့်နှက်နေသည်။ ထန်ယီမင်လည်း သူ့ကိုမမုန်းပေ။ မရိုမသေပြောရပါက ယောင်ရင်တွင် အချစ်ရာဇ၀င်များစွာရှိလောက်ပြီး ထန်ယီမင်ကိုယ်တိုင်တောင် သူ့ခန္ဓာကိုယ်သည် ဤလူငယ်အား အချစ်ရေးနှင့်ပတ်သတ်၍ ဆွဲဆောင်ရန်လုံလောက်သည်ဟု ထင်မထားခဲ့ပေ။

"ငါ ဒီဟာသမျိုး ကြားဖူးတယ်"  ယောင်ရင်က လက်ဖြောက်တစ်ချက်တီးလိုက်၏။ " ငါကြိုက်တယ်လို့ ပြောလိုက်တဲ့နေရာကို မင်းသေချာပေါက် ပြောင်းလဲပစ်မှာမလား?? "

ထန်ယီမင် : " ... "

ယောင်ရင် : " ငါက မင်းရဲ့ လိင်အမျိုးအစားကို စိတ်ဝင်စားတာ၊ မင်းအဲ့ဒါကို ပြောင်းချင်လည်းပြောင်းပေါ့ "

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now