Chapter (67)

847 186 5
                                    

Chapter (67)
Act 9 : A Secret That Cannot Be Told (1)
ဒီနေ့ကစပြီး ရှန်းချိုက်နှင့်ထန်ယီမင်တို့ အမိုးတစ်ခုတည်းအောက်၌ အတူနေထိုင်ကြမည်

ထန်ယီမင်သည် သူ့ဒုတိယအိပ်ခန်းကို အမြဲတမ်းငှားချင်နေခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တုန်းကတော့ အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းအပါအဝင်ကို ၈၀ စတုရန်းမီတာလောက်ကျယ်သည့် ကုမ္ပဏီနားရှိအိမ်တစ်လုံးကို မျက်စိစုံမှိတ်ဝယ်ခဲ့ခြင်းဖြစ်ပြီး အတိုးနှုန်းမှာအရမ်းများသည့်အပြင် အရစ်ကျချေးငွေအား နှစ် ၂၀ ကျော် ပြန်ဆပ်ရမည်ဖြစ်၏။

တစ်ဖက်တွင်မူ သူသည် ပြန်ရရှိသောအိမ်ငှားခဖြင့်  အရစ်ကျချေးငွေ၏ဖိအားကို ပေါ့ပါးစေလိုခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင်မူ သူ့အိမ်ကြီး၌ သက်ဝင်လှုပ်ရှားမှုအနည်းငယ်လောက် ရှိစေလိုခြင်းပင်။

အိမ်ပြန်ရောက်တိုင်း မှောင်မဲနေသည့်ဧည့်ခန်းကို  နေ့တိုင်းကြီးတော့မမြင်ချင်တော့ပေ။

ကုရန်နှင့် ယဲ့ယဲ့တို့နှစ်ယောက်စလုံးသည် ဤမြို့တော်ရှိ ဒေသခံများဖြစ်ပြီး ကိုယ်ပိုင်အိမ်ရှိသူများပင်။ ထို့ကြောင့် သူအိမ်ငှားခေါ်မည်ဟု အသံကြားသည်နှင့် နှစ်ယောက်စလုံးမှာ အပြိုင်အဆိုင် အကြံဉာဏ်များတင်သွင်းကြတော့သည်။

ကုရန်က "အိမ်ငှားကို ကောင်းကောင်းတော့ရှာနော်... ငယ်ငယ်ရွယ်ရွယ်စုံတွဲတွေတော့ မငှားမိစေနဲ့၊ သူတို့တွေ ချစ်ကြည်နူးတစ်တီတူးနေချိန်ကျ မင်းလိုတစ်ကိုယ်တည်းသမားလေးတစ်ယောက်တည်း ပိုပြီး အထီးကျန်သွားမယ်မှတ်လား??"

ယဲ့ယဲ့ကတော့ "ဟဲ့... တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့သူတွေကိုတော့ မငှားမိစေနဲ့နော်! အိုးတွေခွက်တွေကို တစ်ပတ်လောက်မဆေးဘဲထားတတ်တယ်... လျှော်ထားတဲ့အဝတ်တွေကိုလည်း အဝတ်လျှော်စက်ထဲမှာပဲ ထိုးသွပ်ထားဦးမှာ။ ကြည့်နေလိုက် သိပ်မကြာဘူး... နင့်အိမ်ကြမ်းပြင်တစ်ခုလုံး ပိုးဟပ်တွေရောက်လာပြီး နင်ပါဒုက္ခရောက်လိမ့်မယ်!"

ထန်ယီမင်လည်း ထိုအကြံဉာဏ်များကို အသေအချာလိုက်မှတ်နေ၏။

"နောက်ပြီးတော့" ယဲ့ယဲ့က ဆက်ပြောသည်။ "အမိုးတစ်ခုအောက်တည်းမှာ အတူတူနေရမှာ... နင်ဘယ်ကိုသွားသွား၊ ဘယ်နေရာကိုကြည့်ကြည့်  သူ့ကိုမြင်ရမှာပဲ...အဲ့ဒါကြောင့် စကားပြောကောင်းတဲ့သူကိုရွေးဖို့တော့ မမေ့စေနဲ့"

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now