Chapter (34)

809 188 20
                                    

Chapter (34)

Act 5 : Avenue Q (6)

နှစ်သစ်ကူးနေ့မနက်ပိုင်း လူအများစု အိပ်မက်ထဲ၌ နစ်မြုပ်နေဆဲဖြစ်သည့်အချိန်တွင်  အင်တာနက်ပေါ်တွင်တော့ အကြိမ်ပေါင်းများစွာ  ပေါက်ကွဲပြီးနေပြီဖြစ်သည်။

#ကျိုရှောင်းအသံ အသိုင်းအဝိုင်း#

#ဝမ်ချင်းယွမ်#

#ဝမ်ချင်းယွမ်က Shou နေရာကတဲ့#

#If You Were Gay#

...

ဆက်စပ်ပါဝင်မှုများသည် ထိပ်ဆုံးရှာဖွေမှုစာရင်းသို့ အလွန်လျင်မြန်စွာရောက်ရှိလာ၏။ 'မင်္ဂလာရှိသောနှစ်သစ်' ဖြစ်ပါစေဟူသော Tag များနှင့်ယှဥ်လိုက်ပါက မများသော်လည်း အရေအတွက်နည်းသည်ဟူ၍လည်း မဆိုနိုင်ပေ။ 

...

နံနက်ကိုးနာရီတွင် ယောက်ျားလေးအိပ်ဆောင်ရှိကန့်လန့်ကာများကို တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲဖြစ်ကာ ဟောက်သံများလည်း ဆက်တိုက်ထွက်ပေါ်နေ၏။ မသိတဲ့သူတွေသာ ရောက်လာပါက ဝက်ခြံထဲဝင်လာသည်ဟုတောင် ထင်သွားနိုင်သည်။

ရှန်းချိုက်ကတော့ အိပ်မပျော်နိုင်သဖြင့် အမှောင်ထဲတွင်အိပ်ရာမှထကာ တိတ်တဆိတ်ရေချိုးပြီး အဝတ်အစားလဲလိုက်သည်။  တကယ်တော့ သူ့ခြေလက်တွေမလှုပ်ချင်လောက်အောင် လေးလံနေလျှင်တောင် ကျန်တဲ့ သုံးယောက်ရဲ့အိပ်စက်မှုကို သူအနှောင့်အယှက်ပေးမည်မဟုတ်။ 

မနေ့ညက ရှန်းချိုက်၏ ယာယီအခန်းဖော်သုံးယောက်သည် ကျောင်းကွန်ပြူတာခန်း၌ တစ်ညလုံးအင်တာနက်ဂိမ်းများဆော့ခဲ့ကြပြီး မိုးလင်းသွားသည့်အချိန်အထိ နှစ်သစ်ကိုကြိုဆိုခဲ့ကြသည်။ မျက်လုံးမဖွင့်နိုင်တော့သည်အထိ ဂိမ်းကစားခဲ့ကြပြီးနောက် ပင်ပန်းနွမ်းနယ်သွားကြကာ အိပ်ရာထဲသို့ပြန်ရောက်လာကြပြီး ဖိနပ်များကိုကန်ထုတ်ကာ ကုလားသေကုလားမော အိပ်စက်ကြတော့သည်။ ထိုသူတို့၏ ပေါ့လျော့မှုများကြောင့် ရှန်းချိုက်လည်း အိပ်ရာမှနိုးလာခဲ့၏။

… တကယ်တော့ သူ တစ်ကယ်အိပ်ပျော်နေတာလား?? ဒါမှမဟုတ် အသံတွေကြောင့်နိုးလာရသည်လားကို ရှန်းချိုက်တစ်ကယ်မသိပေ။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now