Chapter (13)

989 237 3
                                    

Chapter (13)

Act 2: Hairspray (6)
သွားကလိုက်တော့. . .  ကိုယ့်ရဲ့ငန်းပေါက်လေး

ကျိုရှောင်းအသံ ရေဒီယိုဇာတ်လမ်းတွဲ အလုပ်အဖွဲ့သို့ ရှန်းချိုက် တရားဝင်အနေဖြင့် ပူးပေါင်းခဲ့၏။ သိပ်မကြာခင်တွင် သူ့အား ပေးအပ်လာမည့် အလုပ်တစ်ခုခု ရှိလာလိမ့်မည်ဟု သူထင်နေခဲ့ကာ Group chat တွင် နေ့တိုင်းစောင့်နေခဲ့သော်လည်း ဘယ်သူကမှ တစ်ကယ့်ကြီးကြီးကျယ်ကျယ် အလုပ်ကိစ္စများကို ပြောလေ့မရှိပေ။

ရေဒီယိုအဖွဲ့သည် သူစိတ်ကူးထားသည်နှင့် အလွန်ကွာခြားနေခဲ့သည်။

တည်ငြိမ်အေးစက်မှုခေါင်းစဥ်ဖြင့် ​သူတို့အသိုင်းအဝိုင်းတွင် ကျော်ကြားသော နာမည်ကြီး၀န်ထမ်းများသည် ကိုယ်ရေးကိုယ်တာအရတော့ အတင်းအဖျင်းများ ပြောတတ်ကြ၏။ အဖွဲ့ထဲတွင် နေ့တိုင်းဆွေးနွေးလေ့ရှိသော အဓိကအချက်သုံးခုရှိ၏ -- အဲ့ဒါကို စားကြည့်ပြီးပြီလား?? အဲ့ဒါကို သွားဝယ်ပြီးပြီလား?? အဲ့ဒါကို ကြည့်ပြီးပြီလား?? ဟူ၍ပင်။

မိနစ်အနည်းငယ်လေးအတွင်း ထိုအုပ်စုဖွဲ့စကားဝိုင်းတွင် မဖတ်ရသေးသောမက်ဆေ့ခ်ျပေါင်း ၉၉+ ထိ ရောက်နိုင်သည်။

နေ့တိုင်းလိုလို စခရင်ကို အဆက်မပြတ်ကြည့်နေခဲ့လျှင်တောင် ထိုသူတို့၏ ရေစီးအလိုက်ပြောင်းလဲနေသော အကြောင်းအရာများ၏အရှိန်ကို သူလိုက်မမှီနိုင်ပေ။  ဝမ်ချင်းယွမ် အဖွဲ့ထဲတွင် စကားလာပြောမည့်အချိန်ကိုသာ ပြင်းပြင်းပြပြ စောင့်ဆိုင်းနေရ၏။

သူသည် သူ့ကိုးကွယ်ယုံကြည်ရာ နတ်ဘုရားကြီးဝမ်ချင်းယွမ်နှင့် နီးစပ်ရန်ဟူသည့် ရည်မှန်းချက်လေးတစ်ခုတည်းဖြင့်သာ ကျိုရှောင်းအသံနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ သို့သော် အခု သူတို့အချင်းချင်း  QQ မှာ သူငယ်ချင်းဖြစ်ကာ နံပါတ်များအပြန်အလှန်ရခဲ့သော်လည်း ရှန်းချိုက်ကတော့ ဒီထက်ပိုနီးစပ်ချင်သေးသည်။

ဝမ်ချင်းယွမ်၏ ရေဒီယိုဒရာမာအတွက် သီချင်းတစ်ပုဒ်လောက် အသံသွင်းပေးနိုင်ရန် မျှော်လင့်မိပြီး ထိုမှသာ ဝမ်ချင်းယွမ်သည် သူ့အသံကို မှတ်မိနိုင်မည်ဖြစ်ကာ သူတို့နှစ်ဦးသား၏ ID များကိုလည်း အတူယှဥ်တွဲကာ ရေးထားနိုင်မည်ဖြစ်သည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now