Chapter (60)

936 195 6
                                    

Chapter (60)

Act 8: The Cat Who Wants to Become Human (4)
ပုံမှန်နေ့စဥ်ဘဝ၊ လူနှစ်ယောက်က ကလေးနဲ့ဆွေးနွေးပေး

မိုးရေထဲ၌ နှစ်နာရီလောက်ကြာအောင် ကားမောင်းခဲ့ပြီးသည့်တိုင် ထန်ယီမင်၏ကားမှာ ပြဇာတ်ရုံနှင့် သုံးကီလိုမီတာအကွာကိုသာ မောင်းနှင်နိုင်သေးသည်။

ဤအကွာအဝေးမှာ ခြေလျင်ဖြင့်တောင် အလွယ်တကူရောက်ရှိနိုင်လေသည်။

နတ်ဘုရားမလင်းချီလင် [T/N: ထိုင်ဝမ်အသံသရုပ်ဆောင်] ၏ ချိုမြိန်လှသောအသံသည်  ကား၏လမ်းညွှန်စက်မှ တဖြည်းဖြည်းထွက်ပေါ်လာ၏။ "~ဟွာချောင်းအကအကယ်ဒမီသို့ ဆယ့်နှစ်ကီလိုမီတာမျှ ကွာဝေးနေပါသေးသည်။ ရှေ့လမ်းခရီးတွင် အလွန်အမင်းကားပိတ်နေသောကြောင့် ခန့်မှန်းခြေ ဆိုက်ရောက်မည့်အချိန်မှာ  ဆယ့်ငါးနာရီဖြစ်ပါသည်။ မိုးရွာသည့်နေ့များတွင် ဂရုတစိုက်မောင်းနှင်ကြပါ~"

ရှန်းချိုက် : "..."

ထန်ယီမင် : "..."

ဆယ့်ငါးနာရီ.... အဲ့ဒါကလေ အမေရိကန်အထိတောင် လေယာဥ်နဲ့သွားလို့ရနေပြီ...

ဖန်ဖန်း၏ဝမ်းဗိုက်လေးက တဂွီဂွီအော်မြည်လာ၏။

"စားသောက်ဆိုင်ကို အရင်သွားလိုက်ကြရအောင်" ရှန်းချိုက်သည် အချိန်ကိုပြန်ကြည့်လိုက်ပြီး "ခုနစ်နာရီတောင် ထိုးခါနီးနေပြီ...  ကလေးဗိုက်ဆာမနေအောင် တစ်ခုခုဝင်စားလိုက်ကြမယ်လေ"

အဆိုပြုချက်ကို ထန်ယီမင်ကလည်း သဘောတူသည်။  "ဒါဆို ကိုယ် ကုရန်ဆီ ဖန်ဖန်းကိုထမင်းစားမစောင့်ဖို့ ဖုန်းဆက်လိုက်ဦးမယ်"

နှစ်ယောက်သား လိုက်လျောညီထွေစွာဖြင့်  အစီအစဉ်ချနေတော့သည်။

ရှန်းချိုက်သည် လူအများစု၏ သုံးသပ်ချက်များကိုလှန်လှောကြည့်ရှုပြီးနောက် လာမည့်လမ်းဆုံညာဘက်တွင် နာမည်ကြီးဟော့ပေါ့စားသောက်ဆိုင်တစ်ခုရှိနေသည်ကို တွေ့ရှိခဲ့လေသည်။ အေးစိမ့်သောမိုးရာသီသည် ဟော့ပေါ့နှင့်အလွန်လိုက်ဖက်ညီ၏။ စန်မန်ချွမ်တောင် မျောက်လွှဲကျော်အုပ်စုနှင့် ဟော့ပေါ့စားနေသေးသည်ဟု အမှတ်ရသွားသည်နှင့်တပြိုင်နက် ရှန်းချိုက်တွင် 'နောက်ကျမကျန်ခဲ့ရန်' ဟုသည့် နားမလည်နိုင်သော တွန်းအားတစ်ခုရလာ၏။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now