Chapter (28)

834 206 12
                                    

Chapter (28)

Act 4 : Billy Elliot (9)

"ရှန်းချိုက်!" ဆရာမနှစ်ယောက်သည် အော်ဟစ်မိသွားပြီး မသိစိတ်ဖြင့် ရှေ့သို့ခြေတစ်လှမ်း တိုးသွားကြသည်။

ဒါရိုက်တာဖန်းထန်းယွီတောင် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်မိ၏။

သို့သော် လဲကျနေသောရှန်းချိုက်သည် မမျှော်လင့်ထားဘဲ ချက်ချင်းထရပ်လိုက်သည်။ ယခုဖြစ်သွားသောသူ့အမှားကို စိတ်မ၀င်စားဘဲ စင်မြင့်ပေါ်သို့ ကျားကုတ်ကျားခဲပြန်တက်သွားပြီးသံစဥ်မဆုံးမီ ကန့်လန့်ကာချသည့်အချိန်ထိ ခေါင်းမာမာဖြင့် သူ့လှုပ်ရှားမှုများကို ချောမောစွာ လုပ်ဆောင်ခဲ့သည်။

ရှန်းချိုက်အပါအဝင် လျာထားခံရသော ကျောင်းသားငါးဦးလုံးသည် သူတို့၏နောက်ဆုံးအဆင့်ကို ကိုယ်တိုင်ရွေးချယ်ခဲ့ကြခြင်းဖြစ်၏။

အခြားသူများက အလွန်ခက်ခဲသော လှုပ်ရှားမှုကကွက်များကို ရွေးချယ်ခဲ့သော်လည်း ရှန်းချိုက်သည်တော့ ရိုးရှင်းလှပသောပုံစံရှိသည့် ဘဲလေးအကဟန်ပန်ကိုသာ ရွေးချယ်ခဲ့သည်။

သူ့ညာဘက်ခြေထောက်၏ ထိခိုက်ဒဏ်ရာကြောင့် ဘယ်ဘက်ခြေထောက်ဖြင့်သာ ဆက်လက်ရပ်တည်နေရပြီး ထိုညာဘက်ခြေထောက်ကိုတော့ ဖြောင့်ဖြောင့်တန်းတန်း ဆန့်ထုတ်လိုက်ကာ ခြေချောင်းလေးများကို ခန္ဓာကိုယ်အနောက်ဘက်သို့ အနည်းငယ်လျှောချသွားပြီး လက်နှစ်ဖက်အား ရှေ့နောက်တစ်ဖက်စီ ပုံစံချလိုက်သည်။

သူရွေးချယ်ထားသောအကမှာ အခက်အခဲမရှိသလောက်ရှားပြီး ဆိုလိုသည်မှာ ၎င်းသည် ခန္ဓာကိုယ်ပျော့ပြောင်းမှုနှင့် ကြွက်သားထိန်းချုပ်မှုကို စမ်းသပ်သည့်ကဟန်မဟုတ်ပေ။ ယင်းအစား ၎င်း၏အလှသည် လုပ်ဆောင်မှုပေါ်တွင် လုံးဝမူတည်နေလေသည်။ လက်နှင့် ခြေထောက်နှစ်ချောင်းစလုံးကို သေသေသပ်သပ်ဆန့်ကားနိုင်သရွေ့ အကသမားသည် ကဟန်ကို လှပအောင်ပြုလုပ်နိုင်သည်။

ထို့အပြင် ဤအမူအယာတွင် အလွန်ကောင်းမွန်သော အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိ၏။

“ လေ​​ညှင်းလေးနှင့်တွေ့ဆုံရန် အတောင်ပံများ ဖြန့်ကားထားခြင်း ”

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now