Chapter (9)

1K 234 10
                                    

Chapter (9)

Act 2: Hairspray (2)
သူ့ဘဝတစ်လျှောက်လုံး ပထမဆုံးအကြိမ် လူတွေရှေ့မှာ သီချင်းဆိုဖူးခြင်းပဲ

ဒါက ရှန်းချိုက်ရဲ့ဘဝမှာ ပထမဆုံးအကြိမ် လူတိုင်းရဲ့ စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်မှာ သီချင်းဆိုဖူးခြင်းဖြစ်၏။

စာသင်သည့်စင်မြင့်သည် မြေပြင်ထက်မှ နှစ်ဆယ်စင်တီမီတာသာမြင့်သော်လည်း ထိုအချိန်တွင် သူကတော့ သူ့ကိုယ်သူ စင်အမြင့်ကြီးပေါ်မှာ ရပ်နေရသလို ခံစားနေခဲ့ရသည်ပင်။

လူတိုင်းက သူ့ကိုစောင့်ကြည့်နေကြပြီး ထိုမျက်လုံးများထဲတွင် မျှော်လင့်ချက်နှင့် သိချင်စိတ်များကိုမြင်နိုင်ကာ သူတို့မျက်လုံးများအတွင်းထဲရှိ မကောင်းသောမှတ်ချက်အချို့ကိုလည်း သူ မြင်နေရသည်။

- " ဘာလဲ သူလားဟ? "  " သူလုပ်နိုင်မယ်တဲ့လား? "  " သူ သူ့ကိုယ်သူ အရှက်ခွဲမိမှာ သေချာတယ်ဟေ့ "

ရှန်းချိုက်သည် သူ့အား အထင်သေးနေသူများ၏အကြည့်ကို သေချာမြင်နေရသည်။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း သူ့ကိုယ်သူ ထိုသို့တွေးမိခဲ့လို့ပင် ဖြစ်သည်။

သူသည် အသံပိုင်းဆိုင်ရာဂီတကို တစ်လကျော်လောက်သာ သင်ယူခဲ့ရပြီး သူ့အတန်းဖော်များထက် လေးနှစ်လောက်နောက်ကောက်ကျနေခဲ့သည်။ သူတစ်ခါမှ တစ်ကိုယ်တော်သီချင်းမဆိုဖူးသောကြောင့် ... သူ့ကိုယ်သူ အရူးလုပ်မိလိမ့်မည်၊ အရှက်ခွဲမိလိမ့်မည်၊  စာလုံးများကိုမေ့၊ စည်းချက်ကိုမမီ ...

အခုချိန်တွင် ပြန်လှည့်လိုက်ရန် အကြောင်းပြချက်များစွာ ရှိနေသော်လည်း သူဆက်လက်ရပ်တည်နေခဲ့သည်။

သူ့ကိုဝေဖန်နေကြသူများရှေ့တွင် သူ မတ်တပ်ရပ်နေခဲ့၏။

သူသည် အလွန်ဥာဏ်ထက်၏။ ထိုရန်စမှုများသည် အမှန်တကယ်တော့ သူ့အား ဦးတည်နေသည်ကို သူသိနေသည်။ ချီကျိသည် သူ့ဘေးတွင်ရပ်နေသောကြောင့်သာ ကံမကောင်းသော ကောင်မလေးဖြစ်သွားခဲ့ခြင်းပင်။ သူ ဒီနေ့သာ စကားမပြောလိုက်ပါက အနာဂတ်တွင် နေ့ရက်တိုင်းလိုလို ဒီကိစ္စတွေထပ်ကြုံရလိမ့်မည်အား သူကောင်းစွာနားလည် သဘောပေါက်သည်။ ယခု သူ့ရဲ့ရည်ရွယ်ချက်က သူတို့ကို “ မင်းတို့ရှေ့မှာ ငါသီချင်းဆိုနိုင်တယ် ” ဆိုတာကို သတိရစေလိုခြင်းဖြစ်၏။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now