Chapter (36)

770 186 3
                                    

Chapter (36)

Act 5 : Avenue Q (8)
အရွယ်ရောက်ပြီးသူတွေရဲ့ကမ္ဘာမှာ ဒဏ္ဍာရီပုံပြင်တွေမရှိဘူး. . . လက်တွေ့အမှန်တရားတစ်ခုပဲရှိတယ်

ထန်ယီမင်သည် 'ပြောနေစရာတောင်မလိုသည့်စည်းမျဉ်း' နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဘယ်တုန်းကမှမတွေးခဲ့ပေ။
[T/N : ဖျော်ဖြေရေးနယ်ပယ်ရှိအချို့လူများသည် နေရာအချို့ရရန်အတွက် စပွန်ဆာများနှင့်အိပ်ရခြင်း သို့မဟုတ် ခြိမ်းခြောက်ခံရခြင်းစသဖြင့် ဖော်ပြ၍မရနိုင်သော အချက်များဖြစ်နိုင်သည်။]

"ဒါကို ပြောနေစရာတောင်မလိုတဲ့ စည်းမျဥ်းတွေလို့ မင်းဘယ်လိုတောင်ထင်သွားရတာလဲ??" ယောင်ရင်က သူ နားမလည်နိုင်ဖြစ်နေသည်ကို တွေ့ရှိသွားသည်။ " ပြောရမယ်ဆိုကွာ တိရစ္ဆာန်အထီးတစ်ကောင်က မိတ်ဖက်ရှာချင်တဲ့အခါဆို ပထမအဆင့်က တစ်ခြားပြိုင်ဘက်တွေကို အနိုင်ယူပစ်ဖို့နဲ့ ဒုတိယအဆင့်က သူ့ရှာထားတဲ့သားကောင်ကို ဆက်သဖို့ပဲလေ။ ငါ့မှာက တစ်ခြားပြိုင်ဘက်တွေမရှိဘူးဆိုတော့ ​ပထမအဆင့်က မလိုအပ်တော့ဘူး၊ ဒီအကြုံပြုစာတွေကပဲ မင်းအတွက်ငါပြင်ဆင်ထားရတဲ့ သားကောင်ပေါ့- အဲ့တော့ ငါခက်ခက်ခဲခဲရထားတဲ့ သားကောင်ကိုမင်းယူလို့ရတယ်၊ အဲ့ဒါအတွက် ငါ့ကိုမင်းရဲ့မိတ်ဘက် မဖြစ်ခိုင်းသင့်ဘူးလား "

"..."

သို့သော် ထန်ယီမင်ကိုယ်တိုင်က မိတ်ဖက်ရမည့် တိရစ္ဆာန်လည်းမဟုတ်ပေ။ သူ့ပါးစပ်နားရောက်နေသည့် အဆီတဝင်းဝင်းအပိုင်းအစကို သူတစ်ကယ်လိုချင်တောင့်တနေပေမယ့် သူ့ခန္ဓာကိုယ်ကိုတော့ မစွန့်လွှတ်ချင်ပေ။

ယောင်ရင်ကတော့ ထန်ယီမင်ကို ချည်ပြီးတုပ်ပြီးဖြစ်သွားပြီဟု ခံစားနေရသည်။ စဉ်းစားဆုံးဖြတ်ရန်အတွက် ထန်ယီမင်ကို အချိန်တစ်လပေးထားပြီး ယခုသည် ဖေဖော်ဝါရီလဖြစ်ကာ Blizzard အင်တာတိန်းမန့်၏စစ်ဆေးမှုသည် ဧပြီလလောက်တွင် ဖြစ်နိုင်သည်။ မတ်လလယ်လောက်မှ ထောက်ခံစာတင်သွင်းလျှင်တောင် ထန်ယီမင်ကတော့ လူရွေးချယ်မှုစာရင်းတွင် ပါဝင်ခွင့်ရှိနေသည်။

...

ဤနွေဦးပွဲတော်၏ နေ့ရက်တိုင်းသည် အလွန်ရှည်လျားနေသည်ဟု ထန်ယီမင်ခံစားမိ၏။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now