Chapter (56)

797 183 10
                                    

Chapter (56)

Act 7 : Fan Letter (8)
ထိုမြင်ကွင်းကို ရှန်းချိုက်အတွေးထဲတွင်  အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင် မြင်ယောင်ခဲ့ဖူးပြီးဖြစ်ကာ ယနေ့တွင်တော့ တစ်စုံတစ်ယောက်ကြောင့် နားလည်သွားခဲ့၏။

ရှန်းချိုက်သည် အလင်းရောင်အောက်တွင် တည့်တည့်မတ်မတ် ရပ်နေခဲ့၏။ သို့သော် သူ့ဘယ်ဘက်လက်ကို လျှို့ဝှက်စွာဖြင့် လက်သီးတင်းတင်းဆုပ်ထားရပြီး ဘောင်းဘီအိတ်ကပ်ထဲ၌ဖွက်ထားသည်ကို မည်သူမှသတိမထားမိခဲ့ပေ။

သူပြောသမျှစကားလုံးတိုင်းနှင့် သူ့မျက်နှာပေါ်ရှိ အမူအရာတိုင်းအား ထန်ယီမင်မြင်နေရသည်ကို သူသိနေသဖြင့် တုံ့ဆိုင်းခြင်း သို့မဟုတ် အားနည်းချက်များမဖြစ်ရလေအောင် အစွမ်းကုန်ကြိုးစားနေရသည်။

အစီအစဥ်တင်ဆက်သူ ပြောသွားသည့်အတိုင်းပင်။ ထန်ယီမင်နှင့်အတူ အသံသွင်းရခြင်းမှာ အလွန်ကံကောင်း၏။

သို့ပေမယ့် ရှန်းချိုက်အတွက်တော့ ကံကြမ္မာကပေးပို့လိုက်သည့် ဤအံ့အားသင့်စရာလေးမှာ အလွန်နောက်ကျနေခဲ့လေပြီ။

လွန်ခဲ့တဲ့ငါးနှစ်လောက်ကသာ သူ့အိုင်ဒေါနှင့်အတူယှဥ်တွဲ၍ အသံသွင်းခွင့်ရခဲ့မည်ဆိုပါက ရက်တော်တော်ကြာသည်အထိတောင် ကောင်းကောင်းအိပ်ပျော်နိုင်မည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင်တော့ သူသည် ဤအခွင့်အရေးကို ရိုးရိုးရှင်းရှင်းသာ လက်လွှတ်လိုက်၏။

ရှန်းချိုက်၏ငြင်းပယ်မှုအပြီးတွင် ကင်မရာသည် စတူဒီယိုထဲရှိ ထန်ယီမင်ထံသို့ အမြန်ပြန်ပြောင်းသွား၏။

ချန်ဇီရန်၏အမာခံပရိသတ်တစ်ဦးကို ကျပန်းရွေးချယ်မိခဲ့သည့် ထန်ယီမင်အတွက် ဤကဲ့သို့ အဆင်မပြေမှုများဖြစ်လာလိမ့်မည်ဟု အစီအစဥ်တင်ဆက်သူကလည်း မမျှော်လင့်ထားခဲ့ပေ။

အစီအစဥ်တင်ဆက်သူက မဝံ့မရဲဖြင့် မေး၏။ "ဆရာထန်... ဒါဆိုရင်..."

"..." ထန်ယီမင်လည်း စက္ကန့်အနည်းငယ်မျှ  နှုတ်ဆိတ်နေလေသည်။ ထို့နောက် သူ ပြုံးပြလိုက်ပြီး "ဒီပရိသတ်လေးက မစ္စတာချန်ရဲ့အမာခံပရိသတ်မို့လို့ အတူအသံသွင်းခိုင်းဖို့ကို တွန်းအားပေးလို့တော့မရဘူး" ဟု ပြောခဲ့၏။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now