Chapter (65)

842 174 11
                                    

Chapter (65)

Act 8 : The Cat Who Wants to Become Human (9)
ဒီ Relationship ကို အဆုံးသတ်သင့်ပြီ

ချီကျိနှင့် ချန်ဇီရန်တို့၏ဖြစ်ရပ်များက ရှန်းချိုက်အား အတွေးများစေခဲ့၏။

အမှန်စင်စစ်လည်း မတိုင်ခင်ကတည်းက ရှန်းချိုက်သည် သူနှင့်စန်မန်ချွမ်တို့၏ Relationship အကြောင်းအား စတင်တွေးတောနေခဲ့ခြင်းပင်။

သူတို့နှစ်ဦးကြားတွင် ချစ်ခြင်းမေတ္တာများ ရှိနေခဲ့သည်ဟုလည်း သူ အမြဲယုံကြည်ထား၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သဘောကျကြပြီး အချင်းချင်း၏ သက်ဆိုင်ရာကမ္ဘာများကို အတူတကွပေါင်းစည်းနိုင်ရန်လည်း ကြိုးစားခဲ့ကြသေးသည်။ ဒါက အချစ်မဟုတ်ရင် ဘယ်ဟာကို အချစ်လို့ပြောမှာလဲ??

သို့သော်ငြား ဤအချစ်ရေးသည် ရှန်းချိုက်အား ပင်ပန်းစေခဲ့သည်ကိုတော့ ငြင်းလို့မရပေ။

ဤသည်မှာ စန်မန်ချွမ်က ကောင်းကောင်းမဆောင်ရွက်သောကြောင့်လည်း မဟုတ်ပေ။ Straight ဖြစ်ခဲ့သောစန်မန်ချွမ်သည် မြင်မြင်ချင်းပင် ချစ်မိသွားသဖြင့် တက်ကြွကြွကြွဖြင့် ရှန်းချိုက်ကိုလိုက်ပိုးခဲ့ကာ ရှန်းချိုက်အတွက်ကြောင့် သူ့ညီအစ်ကိုများနှင့်ပင် ရန်ဖြစ်ခဲ့သေးသည်။  သူလုံးဝနားမလည်သော တေးဂီတပြဇာတ်များကိုလည်း အတူကြည့်ပေးခဲ့ပြီး သူ့ဂျာစီကိုလည်း ရှန်းချိုက်ကိုလက်ဆောင်ပေးသည့်အပြင် သူသဘောအကျရဆုံး မော်တော်ဆိုင်ကယ်ကိုတောင် ရောင်းခဲ့သေး၏။သို့ပေမယ့်လည်း...

ရှန်းချိုက်တစ်ယောက်တည်း တွေးကြည့်မိ၏။  တစ်ယောက်ယောက်ကိုသာ ပြောင်းလဲရမည်ဆိုပါက စန်မန်ချွမ်သည် ဇာတ်လမ်းများထဲကအတိုင်း ပြီးပြည့်စုံသော အမျိုးသားဇာတ်ဆောင်ဖြစ်ကာ သူကတော့ တော်ရုံတန်ရုံအမျိုးအစား ချစ်သူလောက်သာ ဖြစ်မည်ပင်။

သို့ပေမယ့် ရှန်းချိုက်ကတော့ တကယ်ကိုပင်ပန်းနေခဲ့ပြီဖြစ်သည်။

သူတို့နှစ်ယောက်တွင် တစ်ယောက်က ငယ်လွန်းနေပြီး နောက်တစ်ယောက်ကတော့ ရင့်ကျက်လွန်းနေခြင်းဖြစ်၏။

ရှန်းချိုက်၏ဘဝမှာ သူ့ခြေနှစ်ချောင်းပေါ်တွင်သာ မူတည်နေသည်။ သူ့တွင် သူတစ်ယောက်တည်းသာ ရှိနေသည့်အတွက် မြန်မြန်ဆန်ဆန်ပင် ရင့်ကျက်ကာ အရွယ်ရောက်လာခဲ့၏။ စန်မန်ချွမ်ကတော့ ဤကမ္ဘာပေါ်ရှိ အခြားအခြားသော သာမန်ဆန်သည့် ပျော်ပျော်ရွှင်ရွှင် ကောလိပ်ကျောင်းသားများအတိုင်း ကြုံတွေ့ဖူးသည့်ဒုက္ခဟူ၍ မနက်စောစောထရသည့်ဒုက္ခသာ ကြုံဖူးလေသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now