Chapter (11)

1K 252 13
                                    

Chapter (11)

Act 2: Hairspray (4)
နတ်ဘုရားကြီးက ငါ့ကိုအရင်လာ Add ထားတာ!!

အဆောင်ရှိ အိပ်ခန်းမီးများမပိတ်ခင် မိနစ်နှစ်ဆယ်လောက်သာ လိုတော့သည်။

ရှန်းချိုက်သည် ကုတင်ပေါ်တွင်လဲလျောင်းနေကာ သူ့လက်ကိုင်ဖုန်းကို ခေါင်းအုံးအောက်မှ ပျင်းရိစွာဖြင့် ဆွဲထုတ်လိုက်၏။

အဝင်မက်ဆေ့ချ်များမှာ မရှိသလောက်ဖြစ်နေပြီး သူ့၌လည်း အမြဲလိုလို သူငယ်ချင်းနည်းပါးကာ လွဲချော်သွားသော ဖုန်းခေါ်ဆိုမှုလည်း လုံးဝမရှိပေ။  သူ့မိသားစုကလည်း သူ့လက်ရှိဘဝကြီးနှင့် ယခုသူသေသွားမည်ဆိုလျှင်တောင် ဂရုစိုက်ကြမည့်သူများ မဟုတ်ပေ။ အိပ်ယာပေါ်တွင်သာ လှဲချလိုက်ပြီး နေ့စဉ်နေ့တိုင်း အိပ်ခါနီးတွင် လုပ်နေကျအလုပ်ဖြစ်သော နတ်ဘုရားကြီးချင်းယွမ်၏ Weibo ကိုကြည့်ရှုရန် လိုင်းဖွင့်လိုက်၏။

ကံမကောင်းစွာပင် နတ်ဘုရားကြီးသည် ငါးရက်ပြည့်သည်အထိ ဘာစကားတစ်လုံးမှလည်း အသစ်မပြောခဲ့ပေ။

ရှန်းချိုက် သက်ပြင်းချလိုက်ပြီး ခြေထောက်နှစ်ဖက်ကိုပွတ်သပ်ကာ ခြေအိတ်များကို ချွတ်ပစ်လိုက်သည်။ သူပျင်းရိနေစဥ်တွင် စနစ်တစ်ခုမှပေးပို့လာသော ခေါင်းစီးမက်ဆေ့ချ်တစ်ခုမှာ ရုတ်တရက် ဖုန်းစခရင်ထက်သို့ ပေါ်ထွက်လာ၏။

[သင့်မှာ [ကျိုရှောင်းရေဒီယိုဇာတ်လမ်းတွဲ အဖွဲ့] ၏ အီးမေးလ်အသစ် ရောက်ရှိနေပါသည်၊ ကျေးဇူးပြု၍ သေချာစွားစစ်ဆေးပါ]

အိပ်ရာမှ လျင်မြန်စွာထလိုက်သည့် ရှန်းချိုက်ကြောင့် သူ့ကိုယ်အောက်ရှိ သံဘောင်ခတ်ထားသောအိပ်ရာသည် တုန်ခါသွားတော့သည်။

သူ တုန်တုန်ယင်ယင်ဖြင့် အီးမေးလ်ကိုဖွင့်ကြည့်လိုက်၏။

အီးမေးလ်ကိုဖတ်လိုက်ပြီး နောက်ဒုတိယစက္ကန့်တွင် သူသည် ကုတင်ပေါ်မှခုန်ဆင်းသွားပြီး ခြေညှပ်ဖိနပ်ကိုအမြန်စွပ်ကာ အခန်းထဲမှ ပြေးထွက်သွားတော့သည်။

"ရှန်းချိုက် ... ?" အဆောင်အခန်းဖော်က လှမ်းအော်ပြော၏။ " မီးတွေ ပိတ်ခါနီးနေပြီလေ၊ မင်းဘယ်သွားမလို့လဲ "

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now