Chapter (59)

896 199 9
                                    

Chapter (59)

Act 8: The Cat Who Wants to Become Human (3)
ဦးတို့နှစ်ယောက်မှာ တစ်ယောက်ကအိမ်ရှင်ကိုရှာနေတယ်... နောက်တစ်ယောက်က အိမ်ငှားကို ရှာနေတယ်... နှစ်ယောက် ဘာလို့ အတူတူမနေလိုက်ကြတာလဲ??

မိုးကလည်း တသောသောရွာသွန်းနေ၏။

ရှန်းချိုက်သည် ပလပ်ဖောင်း၏ တံစက်မြိတ်အောက်တွင် မိုးခိုနေရင်း နောက်ထပ်လာမည့်ဘတ်စ်ကားတစ်စီးကို စောင့်ဆိုင်းနေခဲ့သည်။

ပတ်ဝန်းကျင်တစ်ခွင်လုံး ဖွေးဖွေးလှုပ်နေအောင် ကျဆင်းနေသော မိုးရေစက်များနှင့်အတူ ကန့်လန့်ကာတစ်ခုသဖွယ်ဖြစ်လာ၏။  ရှန်းချိုက်သည် ထိုမိုးရေကန့်လန့်ကာကြီးကိုဖြတ်၍ ကမ္ဘာကြီးကိုကြည့်နေမိသည်။  ခဏလောက်တော့ သူနည်းနည်းရှုပ်ထွေးသွား၏။  သူက စင်ပေါ်ကသရုပ်ဆောင်လား?? ဒါမှမဟုတ် စင်အောက်က ပရိသတ်တစ်ယောက်ပဲလား??

ထိုအချိန်တွင် မီးခိုးငွေရောင် မိသားစုစီး SUV ကားသည် ပလက်ဖောင်းဘေးတွင် ရပ်တန့်သွားပြီး ယာဥ်မောင်းဘေးရှိထိုင်ခုံ၏ ပြတင်းပေါက်မှာ လျှောကျလာကာ ခေါင်းလေးတစ်လုံးက သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

"တာ့ကောကော လာကားပေါ်တက်၊ အအေးမမိအောင်လို့ သားတို့အိမ်ပြန်လိုက်ပို့ပေးမယ်"

ကလေးလေးမှာ ခုနစ်နှစ်၊ရှစ်နှစ်လောက်သာ ရှိသေးပုံရပြီး ပုံမှန်သူ့အသက်အရွယ်ကလေးများတောင် ဤမျှလောက်ထိ အသံကောင်းကောင်းထွက်တတ်သေးမည်မဟုတ်ပေ။ ကလေး၏ မန်ဒရင်းစကားမှာ အရွယ်ရောက်ပြီးသူတစ်ဦး၏ပုံစံအတိုင်း ချောမွေ့ သွက်လက်နေ၏။

အတော်လေး ချစ်ဖို့ကောင်းသည်ဟု ရှန်းချိုက်တွေးနေမိသည်။ "ကျေးဇူးပါပဲ... ဘတ်စ်ကားပဲ စောင့်နေလိုက်မယ်နော်"

"အရှေ့မှာ ယာဉ်ကြောပိတ်ဆို့မှုရှိနေတယ်!"  ကလေးငယ်လေးသည် သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး GPS ကို ကျွမ်းကျင်စွာဖွင့်ပြလိုက်ကာ မြေပုံပေါ်ရှိ အနီရောင်လမ်းကြောင်းကို ညွှန်ပြလာလေသည်။  "ကောကော နောက်ထပ်နာရီဝက်လောက်ထပ်စောင့်နေရင်တောင် ဘတ်စ်ကားက ဒီကိုရောက်လာဦးမှာ မဟုတ်ဘူး!"

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now