Chapter (39)

871 189 16
                                    

Chapter (39)

Act 6 : The Little Prince (1)
မင်းရဲ့နှင်းဆီပန်းနဲ့တွေ့ရတဲ့အချိန်ကျမှ မင်းသားလေးလည်း ဘာလို့ချစ်မိသွားလဲဆိုတာကို သိလာလိမ့်မယ်

မတ်လတွင် ဟွားဝူအကယ်ဒမီမှ ဆရာများနှင့်ကျောင်းသားများအားလုံးသည် သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုကြ၏။

၎င်းကို 'သစ်ပင်စိုက်ပျိုးရေးနေ့' ဟု ဆိုထားသော်လည်း အဓိကအားဖြင့်တော့ နွေဦးခရီးသာဖြစ်သည်။ ကျောင်းသားများအတွက် ကားများငှားထားပေးပြီး စားဖို့သောက်ဖို့အပြင် သစ်ပင်စိုက်ပျိုးပြီး နေ့ခင်းဘက်မြို့ထဲသို့ပြန်လာချိန်အထိ ဌာနတစ်ခုစီတွင် ကိုယ်ပိုင်လှုပ်ရှားမှုများရှိကြ၏။

ယခင်နှစ်များကတော့ ရှန်းချိုက်သည် ဘဲလေးဌာနနှင့်အတူလိုက်ပါ၍ စီနီယာများ၏အဆက်အသွယ်များရရှိရန် အမျိုးသားဘဲလေးပြဇာတ်ရုံသို့ သွားရလေ့ရှိသည်။ ယခုနှစ်တွင်မူ သူသည် တေးဂီတပြဇာတ်ဌာနသို့ ပြောင်းရွှေ့ခဲ့ရသဖြင့် သဘာဝကျစွာပင် ကျောင်းပြင်ပလှုပ်ရှားမှုသည် တေးဂီတပြဇာတ်များထံသို့ ပြောင်းလဲသွားတော့သည်။

"ဘာလို့ The Little Prince လဲ??" ပြဇာတ်ရုံ၌ ရှန်းချိုက်၏ဘယ်ဘက်တွင်ထိုင်နေသော ချန်ဇီရန်က " ကလေးပြဇာတ်တွေနဲ့ဘာလုပ်ရမှာလဲ!? တစ်ကယ် ကလေးဆန်တယ်!!"

" အေးပါ အဲ့မှာကလေးပြဇာတ်တွေကို အလေးမထားဘဲနေနေလိုက်! နင်ပြောတဲ့ အဲ့ဒီ့ကလေးပြဇာတ်ကလေ Box Office မှာ ရည်ညွှန်းမှုအမြင့်ဆုံးပဲ " ရှန်းချိုက်၏ညာဘက်တွင်ထိုင်နေသော ချီကျိဆီမှ အသံထွက်လာ၏။ "တစ်ချို့လူတွေဆို ကျောင်းပြီးသွားတာတောင် ကလေးပြဇာတ်မှာ မပါနိုင်ကြဘူးဟဲ့!"

"ဟုတ်တယ်၊ ဟုတ်တယ် အဲ့ဒီ့ကလေးပြဇာတ်ကပဲ ဖျော်ဖြေဖို့အသင့်တော်ဆုံး!! " ချန်ဇီရန်မှာ ပေါက်ကွဲလုလုဖြစ်နေပြီး ရှန်းချိုက်သာ အလယ်တွင်ရှိမနေပါက ချီကျိ၏ကျစ်ဆံမြီးကို လှမ်းဆွဲတော့မည်ဖြစ်သည်။ "Snow Whiteထဲက မိထွေးမကြီးတို့၊ Little Mermaid ထဲက စုန်းမကြီးတို့၊ Sleeping Beauty ထဲကလူဆိုးမကြီးတို့ဆို... မင်းနဲ့တော်တော်လေးဆင်တူတဲ့ဟာမျိုးတွေပေါ့!! တစ်ကယ့်ကို မင်းအတိုင်းပဲ!"

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now