Chapter (88)

848 155 1
                                    

Chapter (88)
ပိတ်ကားချ: Fame the Musical (5)
ထန်ယီမင်က ရှန်းချိုက်တက်ခဲ့တဲ့တက္ကသိုလ်ကို အတူလိုက်သွားခဲ့တယ်

မကြာမီတွင် ဟွာချောင်းအကတက္ကသိုလ်နှင့် 'သန်းခေါင်ယံနေမင်းအား စောင့်စားခြင်း' အဖွဲ့သားများ အတူပူးပေါင်းလိုက်ကြပြီး တရားဝင်ကျောင်းစဖွင့်ပြီးနောက် ဒုတိယနေ့တွင် ဖျော်ဖြေပွဲကျင်းပရန် စီစဉ်ထားကြသည်။

ဈေးရောင်းပွဲတော်စာတန်းများနှင့် ဖျော်ဖြေပွဲပိုစတာများကို ကျောင်းရှိနေရာတိုင်းတွင် ချိတ်ဆွဲထားကြသည်။ ပိုစတာများကို အရိုးရှင်းဆုံးအဖြူအမည်းအရောင်များဖြင့်သာ ဖန်တီးထားပြီး အနုပညာခံစားမှုအပြည့်ဖြင့် ဒီဇိုင်းထုတ်ထားလေသည်။ ပိုစတာထဲရှိ ရှန်းချိုက်၏ပုံသဏ္ဌန်မှာ အလွန်လှပနေပြီး လူအများကိုဖမ်းစားနိုင်သော အနီးကပ်ပုံရိပ်သည် ပိုစတာတစ်ဝက်ခန့်ကို သိမ်းပိုက်ထား၏။ ကောင်လေး၏အသွင်အပြင်မှာ သပ်ရပ်လှပပြီး သာမာန်အကွာအဝေးမှကြည့်လျှင်တောင် တောက်ပနေသောမျက်ဝန်းများကို တွေ့မြင်နိုင်လေသည်။

ကောင်လေးသည် အဆုံးမရှိသောအမှောင်ထုကြီးဆီမှ ကယ်တင်မည့်သူကိုစောင့်မျှော်နေသည့်အတိုင်း သန်းခေါင်ယံနေမင်းကို စောင့်စားနေခဲ့သည်။

ပိုစတာအနီးမှဖြတ်သွားသူတိုင်း ခဏရပ်တန့်သွားလေ့ရှိကြပြီး ရှန်းချိုက်၏အသွင်အပြင်ကို ဂရုတစိုက်ကြည့်မိကြသည်။

ကောင်မလေးနှစ်ယောက်က ကြော်ငြာဆိုင်းဘုတ်ရှေ့တွင်ရပ်ပြီး ပြင်းပြင်းထန်ထန်ကို ချီးမွမ်းခန်းဖွင့်တော့သည်။

"ဒီမှာကြည့်၊ အဲ့ဒါငါ့ယောက်ျား!!" ထိုအမျိုးသမီးငယ်လေးက ဖုန်းကိုထုတ်လိုက်ပြီး သူမဘေးနားရှိ အချစ်ဆုံးသူငယ်ချင်းအားပေးလိုက်ကာ "မြန်မြန်၊ မြန်မြန်လေး ငါ့သားလေးနဲ့ဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးပါဦး!!"

သူမ သူငယ်ချင်းကမေးသည်။ "ယောင်္ကျား?? သားလေး?? ဟုတ်လား... မနေ့ကကျတော့ စီနီယာအစ်ကိုလို့ခေါ်နေတာမဟုတ်ဘူးလား!?"

ထိုသို့ညည်းညူလိုက်သော်လည်း ဖုန်းကိုလှမ်းယူလိုက်ပြီး ကြော်ငြာဘုတ်ရှေ့တွင် သူမသူငယ်ချင်းအတွက် ဓာတ်ပုံလှလှလေးရိုက်ပေးနေသေးသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now