Chapter (15)

1K 234 10
                                    

Chapter (15)

Act 3: Rachmaninoff (2)
အစမ်းတည်းဖြတ်ပြီးသား သရုပ်ပြကို တစ်ခြားသူတွေကို သွားပြကြည့်လို့ရတယ်၊ အဲ့ဒီ့အသံကိုကြားတဲ့သူတိုင်းလည်း ချီးကျူးဩဘာပေးမယ်လို့ ငါယုံကြည်တယ်

နောက်ခံတေးသံကို ချောချောမွေ့မွေ့အသံသွင်းခဲ့နိုင်ပြီး ယောင်ရင်သည်လည်း တစ်ကယ့်ကိုရှားပါးသော ပညာရှင်တစ်ယောက်ဖြစ်နေသည်။  " ညှင်းသဲ့ တေးသံ " ၏ နောက်ခံအသံသည် နူးညံ့သိမ်မွေ့ပြီး ဝမ်းနည်းစရာကောင်းနေသော်လည်း တစ်ချိန်တည်းမှာပင် ဇာတိမြေကိုလွမ်းဆွတ်ခြင်းနှင့် အောက်မေ့တမ်းတခြင်းတို့ ပြည့်နှက်နေခဲ့သည်။ ယောင်ရင်၏ စန္ဒယားဂီတသံမှာ ဤအငွေ့အသက်ကို ကောင်းစွာရေးစပ်ထား၏။

တလွင့်လွင့်ထွက်ပေါ်နေသော စန္ဒရားအသံနှင့် ထန်ယီမင်၏အသံတို့က လုံးဝကို လိုက်ဖက်ညီနေသည်။ စန္ဒရားသံသည် ပါးလွှာသော တိမ်လွှာတိမ်တိုက်လေးတစ်ခုကဲ့သို့ ထင်ရသော်လည်း ၎င်းသည်ထန်ယီမင်၏အသံအားကို ခံနိုင်ရည်ရှိနေသည်။

အလုံးစုံမတင်ပြမီ ရှန်ရှောင်လွေ့သည် သူမငှားထားသောတိုက်ခန်း၌ “ စမ်းသပ်စစ်ဆေးခြင်း ” ကို ပြုလုပ်ခဲ့သည်။ ဧည့်ခန်းထဲတွင် Projector ကို တပ်ဆင်ပြီး အလင်းရောင်မှာ အဖြူရောင်နံရံပေါ်သို့ တိုက်ရိုက်ကျနေလေသည်။ အခန်းကို အမှောင်ချထားပြီး သူမ၏သူငယ်ချင်း ခုနစ်ယောက်ရှစ်ယောက်တို့ကလည်း ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ဤကာတွန်းရုပ်ရှင်အတိုလေးကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေကြသည်။

ရှန်ရှောင်လွေ့သည်တော့ Projection စက်ဘေးတွင် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်နေပြီး စမ်းသပ်စစ်ဆေးမှုခံယူနေသော စစ်သားတစ်ယောက်ကဲ့သို့ လူအုပ်ကိုကြည့်နေခဲ့သည်။

ဂျော့ခ်ျသည်လည်း သူမနံဘေး၌ရပ်နေကာ နဖူးမှချွေးများကျနေလျက် ရှန်ရှောင်လွေ့ထက် ပိုမိုပုံစံကျသည့် ထူးဆန်းသောဝတ်စုံကို ၀တ်ဆင်ထားသည်။

မီးများကမှေးမှိန်နေပြီး ထန်ယီမင်သည် နောက်ဆုံးအတန်းတွင် ထိုင်နေခဲ့ကာ သူ့မျက်လုံးများက စခရင်ပေါ်တွင် ရှင်းရှင်းလင်းလင်း ရှိနေခဲ့သော်လည်း သူ့အကြည့်များကို စူးစိုက်၍မရဘဲဖြစ်နေသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now