Chapter(75)

822 194 18
                                    

Chapter (75)
Act 9: The Secret That Cannot Be Told (9)
'ချိုက်ချိုက်:အလင်းရောင်တွေကို မင်းပိုင်တယ်၊ ဇာတ်ခုံကိုလည်း မင်းပိုင်တယ်၊ လက်ခုပ်သံတွေလည်း မင်းပိုင်တယ်၊ ကိုယ့်ကိုလည်း မင်းပိုင်ပါတယ်'

ဖျော်ဖြေပွဲပြီးဆုံးသွားချိန်တွင်တော့ အစ်မရန်အာသည် မိုက်ခရိုဖုန်းကိုချက်ချင်းချွတ်ချလိုက်ပြီး  စင်နောက်ရှိဝန်ထမ်းများကို လှမ်းပြော၏။ "အအေးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် သောက်စရာတစ်ခုခုရှိလား?? ရှန်းချိုက်အတွက် ရေခဲရေနှစ်ပုလင်းလောက် ယူလာပေးလိုက်ကြပါ... တော်ကြာ သူ့မျက်နှာလေး ပေါက်ကွဲသွားဦးမယ်"

စင်နောက်ဘက်၌ ရယ်မောသံများနှင့် ပြည့်နှက်သွားတော့သည်။

ရှန်းချိုက်ကတော့ ခေါင်းငိုက်စိုက်ချထားပြီး နီရဲနေသောနားရွက်လေးများကို ပွတ်သပ်နေသည်။  သူတကယ်ကိုရှက်လွန်းလို့ ထောင့်လေးတစ်နေရာမှာပဲ မတ်တပ်ရပ်နေလိုက်ချင်တော့သည်။

တေးဂီတကြီးကြပ်ရေးဒါရိုက်တာက အရွှန်းဖောက်သည်။ " ရှန်းချိုက်.. မင်းလည်း မငယ်တော့ပါဘူး၊ တစ်ယောက်ယောက်နဲ့ မချိန်းတွေ့ဖူးဘူးလား?? ငါတို့အစ်မရန်အာက တစ်ခါလေးနမ်းလိုက်တာနဲ့ မင်းအမွှေးတွေတောင်ထောင်ပြီး အရမ်းကြောက်နေတဲ့ပုံပဲကွာ"

"ဟုတ်တယ်... ကျွန်တော် အရင်ကတော့ ချိန်းတွေ့ဖူးခဲ့ပေမယ့်..." ရှန်းချိုက် လုံး၀ ရှုပ်ထွေးနေဆဲဖြစ်သည်။

အခုလေးပဲတင် စင်ပေါ်၌ အစ်မရန်အာမှာ အခြေအနေကိုကယ်ဆယ်ရန်အတွက် ရုတ်တရက် ကြီး သူ့ကိုနမ်းခဲ့ခြင်းဖြစ်သည်။ ရှန်းချိုက်သည် စိတ်ပိုင်းဆိုင်ရာအရ လုံးဝမပြင်ဆင်ထားမိသောကြောင့် မသိစိတ်က သူမအား တွန်းထုတ်ပစ်ချင်နေခဲ့သည်။ သို့သော်လည်း သူ့လက်များ သူ့ပါတနာအမျိုးသမီး၏ပုခုံးပေါ်ကိုထိလိုက်သည်နှင့် စင်အောက်၌ ပရိသတ်များ စောင့်ကြည့်နေကြတုန်းပဲဆိုတာကို ချက်ချင်းပြန်သတိရသွားပြီး သူ၏ရှက်ရွံ့မှုများကို ထုတ်ဖော်မပြတော့ဘဲ ပွေ့ဖက်သည့်အပြုအမူအဖြစ် ချက်ချင်းပြောင်းလဲခဲ့ရခြင်းသာ။

အနမ်းသည် အချိန်ကိုက်ဖြစ်သွားသောကြောင့် ထူးဆန်းနေပုံမပေါ်တော့ဘဲ ဇာတ်ကောင်များ၏ခံစားချက်အပိုင်းကိုလည်း မြှင့်တင်ပေးလိုက်နိုင်သည်။ ပရိသတ်များ၏ မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများမှာ ဤအနမ်းကို ဘယ်လောက်တောင်သဘောကျနေသည်ဆိုသည်အား သက်သေပြခဲ့ခြင်းပင်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now