Chapter (6)

1.3K 261 14
                                    

Chapter (6)

Act 1: The Sound of Music (4)
ထမင်းစားနေတုန်း ဖုန်းမပွတ်ရင် ထမင်းဘာလို့စားနေတော့မှာလဲ!

စန္ဒယားတီးဖို့က အရမ်းခက်ခဲခဲ့သည်။

စန္ဒယားခုံတန်းရှည်ပေါ်မှ ဘဲလေးမင်းသားလေးသည် ယနေ့တွင် သူဘယ်နှစ်ကြိမ်လောက် ကျရှုံးနေပြီကိုတောင် မသိတော့ပေ။

ရှန်းချိုက်သည် အဖြူအမည်းကီးဘုတ်ပေါ်မှ သူ့လက်ချောင်းများကို ငုံ့ကြည့်လိုက်ပြီး မိမိကိုယ်ကို သံသယ၀င်လာတော့သည်။

စန္ဒရားတီးဖို့ သင့်တော်တယ်လို့ ဘယ်လိုများ ​ခံစားခဲ့ရတာလဲ??

စန္ဒယားဘေးတွင်ရပ်နေသော ဂီတဆရာမကို ကြည့်လိုက်စဥ် သူမသည် သူ့အားချစ်ခင်နှစ်သက်သော မျက်ဝန်းအစုံဖြင့် ကြည့်နေသည်ကို တွေ့မြင်လိုက်ရပြီး ထုတ်ပြောချင်နေသော သူ့မကျေနပ်ချက်အားလုံးကိုလည်း ဗိုက်ထဲသို့ ပြန်မျိုချထားလိုက်ရသည်။

"ကောင်းတယ်၊ ထပ်လုပ်ကြရအောင် " စန္ဒယားဆရာမက သူ့အတွက်လက်ခုပ်တီးပေးကာ " ဒို, ရေ, မီ, ဖာ, ဆို, လာ, တီ ... ဘယ်ဘက်လက်ကို အားထည့်ကြည့်ဦး ဒို, ရေ, မီ, ဖာ, ဆို, လာ . . . . . အင်း ဟုတ်တယ် ညာဘက်လက်က ထပ်နှိပ် .. "

ကံမကောင်းစွာပင်၊ သူကံက အမှန်တစ်ကယ်ကို မကောင်းခဲ့ပေ။ ၎င်းသည် အရိုးရှင်းဆုံး အခြေခံတီးခတ်ဟန်ဖြစ်သော်လည်း လက်နှစ်ချောင်း၏လက်ချောင်းများမှာ လုံးဝကိုခြားနားနေသည်။ ရှန်းချိုက်သည် လက်တစ်ဖက်တည်းနှင့်တော့ ချောချောမွေ့မွေ့ တီးခတ်နိုင်သော်လည်း လက်နှစ်ဖက်လုံးကို ကီးဘုတ်ပေါ်တွင် တစ်ပြိုင်နက်ချထားလိုက်ပါက ဒီလက်နှစ်ဖက်သည် ဝက်ခြေညှပ်များဖြစ်လာပြီး ဘယ်ဘက်ကိုဂရုစိုက်လျှင် ညာဘက်ကို ဂရုမစိုက်နိုင်တော့ချေ။

မစ္စတာကျင်းယုံတောင် နဂါးမိန်းကလေးအကြောင်း ရေးဖွဲ့တဲ့အချိန်တုန်းက အခုသူ့လောက်တောင် ကြိုးစားခဲ့မှာမဟုတ်ဘူးလို့ သူထင်နေမိသည်။

သူသည် စန္ဒရားပေါ်ကို ခက်ခက်ခဲခဲလက်တင်ထားပြီး စိတ်ပျက်အားငယ်နေမှုများကိုလည်း သူ့မျက်နှာပေါ်သို့ အရောက်မခံပေ။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now