Chapter (40)

952 186 15
                                    

Chapter (40)

Act 6 : The Little Prince (2)
အမှောင်ထဲ၌ တောက်ပနေသောမိုးမခပင်ကြီး သူ့ဘေးတွင်ပုန်းအောင်းနေလိမ့်မည်ဟု ထန်ယီမင်မမျှော်လင့်ထားခဲ့ပေ။

ရှန်းချိုက်သည် ဝမ်ချင်းယွမ်ရေးသားခဲ့သော The Little Prince အက်ဆေးအား ကိုးကားမှတ်စုအဖြစ် အသုံးပြုရန် ဝမ်ချင်းယွမ်အားမေးမြန်းလိုက်၏။

ထန်ယီမင်ကလည်း လျင်မြန်စွာဖြင့် သဘောတူပေးလိုက်သော်လည်း သူ့စာတမ်းမှာ မိုဘိုင်းဟာ့ဒ်ဒစ်ပေါ်တွင်ရှိနေပြီး မည်သည့်နေရာတွင် ထည့်သွင်းသိမ်းဆည်းထားခဲ့သည်ကို မသိတော့သောကြောင့် ပြန်လည်ရှာဖွေရမည်ဖြစ်သည်။

ခန့်မှန်း : ရတယ် ~ ကျွန်တော်စောင့်နိုင်တယ်

ခန့်မှန်း : အလုပ်သမားနေ့ကျမှ တီချယ်ကထပ်ခိုင်းထားတာ

ယီမင် ချင်းယွမ် : အလုပ်သမားနေ့က မေလမှာမဟုတ်ဘူးလား??

ယီမင် ချင်းယွမ် : [ငန်းလေး အမည်းရောင်မျက်နှာမေးခွန်းပုံ]. ပုံ

ယီမင် ချင်းယွမ် : ဒီနှစ်မှာ မင်းဘွဲ့ရမယ်ဆိုရင် မင်းရဲ့ဖိုင်နယ်က မေလမှာမဟုတ်ဘူးလား?? ဒီအတန်းက ဘယ်ကအတန်းလဲ?? ဘာလို့ မေလကြီးမှာ အိမ်စာလုပ်နေရသေးတာလဲ??

ခန့်မှန်း : ...

ရှန်းချိုက်သည် သူ့မေးခွန်းကိုနားမလည်သေးသော်လည်း သူ့ကိုယ်သူ ဖန်တီးထားသော "လူ" ကို သတိရမိလိုက်သည်။ ဝမ်ချင်းယွမ်နှင့် စကားစမြည်ပြောနေချိန်တိုင်း သူအရမ်းပျော်လွန်းနေခဲ့သဖြင့် သူအယောင်ဆောင်ထားသော မိုးလောက်မြင့်သည့် လိမ်ညာမှုများကို မကြာခဏမေ့သွားတတ်သည်။ သူ့အသက်အရွယ်၊ ပညာရေးနှင့် အတုလုပ်ထားသော အသက်မွေးဝမ်းကြောင်းအလုပ်များအကြောင်း သေချာရှင်းပြရန်အခွင့်အလမ်းများ မရေမတွက်နိုင်အောင်ရှိခဲ့သော်လည်း သူသည် ဘယ်တုန်းကမှ သတ္တိရှိရှိထုတ်ဖော်ပြောဆိုဖို့ မစဥ်းစားရဲပေ။

သူရဲဘောကြောင်တာပဲလား??  ဒါမှမဟုတ်  သူရဲ့အတ္တကြောင့်ပဲလား?? ဒီတိုင်း ... သူ့ crush ရှေ့မှာ ပိုရင့်ကျက်တဲ့ပုံရိပ်တစ်ခု ချပြချင်နေတာလား??

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now