Chapter (69)

871 196 5
                                    

Chapter 69
Act 9: A Secret That Cannot Be Told (3)
ရေချိုးပေးခြင်း

ပုံမှန်အားဖြင့်တော့ အိမ်မြှောင်များသည် ကြွက်များ၊ ခရုများ၊ ပိုးကောင်အသေးလေးများကို စားလေ့ရှိသော်လည်း ထိုလျှာပြာပြာကြီးနှင့်အကောင်ကြီးမျိုးများကတော့ 'အမှိုက်ပုံး' ဟု နာမည်ကျော်ကြားလေသည်။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင်  ဟိုဟိုဒီဒီလျှောက်စားနေသည်ကို လွှတ်ထားမည့်အစား ပိုင်ရှင်အများစုသည် ကြက်သားပါသောခွေးစာများကို တိုက်ရိုက်ကျွေးမွေးလိုက်ကြသောကြောင့် လျှာပြာအိမ်မြှောင်များသည် မိသားစုအိမ်မွေးတိရစ္ဆာန်အဖြစ် အလွန်သင့်လျော်နေ၏။

ထို့အပြင် သူတို့သည် ပိုင်ရှင်ဖြစ်သူနှင့် အပြန်အလှန်တုံ့ပြန်မှုမြင့်မားကြပြီး အလွန်လူကပ်ကြသည်။ အမြှီးကိုဟိုယမ်းသည်ယမ်းမလုပ်နိုင်သည်ကလွဲလျှင် ဤအကောင်များမှာ ခွေးတစ်ကောင်မွေးထားသည့်အတိုင်း စိတ်ကျေနပ်ရ၏။

သို့သော် ဤ 'ခွေးနှင့်တူလှသောအိမ်မြှောင်ကြီး' များသည် ရေနှင့်ထိလိုက်သည်နှင့် 'ကြောင်နှင့်တူသောအိမ်မြှောင်များ' အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားကြတော့သည်။

ထန်ယီမင်သည် လက်ချောင်းအနက်အထိ ရေဖြည့်လိုက်ပြီး အိမ်မြှောင်ကြီးကို ရေချိုးကန်ထဲသို့ ထည့်လိုက်၏။ အိမ်မြှောင်ကြီးကတော့ ထန်ယီမင်၏လက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားပြီး အောက်မဆင်းဝံ့ဘဲ သူ့ခြေလက်များဖြင့် ကုပ်တွယ်ထားလေသည်။

ထန်ယီမင်က ခါချလိုက်၊ အိမ်မြှောင်ကြီးကပြန်တက်လာလိုက်ဖြင့် ရေချိုးခန်းတစ်ခုလုံးဝရုန်းသုန်းကားဖြစ်နေတော့သည်။ အိမ်မြှောင်ကြီးသည် တုန်တုန်ယင်ယင်ဖြင့် ပြန်ထလာကာ ထန်ယီမင်၏လက်မောင်းကို မလွှတ်တမ်းဖက်ထား၏။

ထန်ယီမင်နှင့် အိမ်မြှောင်ကြီးတို့ဖျော်ဖြေပွဲကို သူတို့ဘေးနား၌ ရေပိုက်ခေါင်းကိုင်လျက်မတ်တပ်ရပ်နေသော ရှန်းချိုက်တစ်ယောက် ရယ်မောနေလေသည်။

ရှန်းချိုက်က ရယ်နေရင်းဖြင့် "ခင်ဗျား သူ့အမြီးကိုဆွဲလိုက်ပါလား... အမြှီးကိုဆွဲ"

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now