Chapter (17)

986 216 7
                                    

Chapter (17)

Act 3 : Rachmaninoff (4)
စူပါးစတားတစ်ဦးအနေနဲ့ မွေးဖွားလာတာ

ဇာတ်ကောင်နေရာနှစ်ခုစလုံးကို သူကိုယ်တိုင်သီဆိုလိုသော ရှန်းချိုက်၏စိတ်ကူးကို အတန်းပိုင်တီချယ်က ချက်ချင်းဆန့်ကျင်ခဲ့၏။

ချူပင်းက " မင်းပါတနာတစ်ယောက်လောက် မတွေ့ဘူးလား?? မဟုတ်ရင်လည်း ဆရာမတစ်ယောက်အနေနဲ့ ငါမင်းကို ကူညီပေးလို့ရတယ် "

ဤအသက်အရွယ် အထက်တန်းကျောင်းသားအချို့တွင် “  အုပ်စုအသေးစား ” အပြုအမူ အနည်းငယ်ရှိမည်ကို ချူပင်းသိလေသည်။ ထို့ကြောင့် အတန်းတက်တာလည်း အခြားသူများထက်နောက်ကျကာ တစ်ယောက်တည်းရှိနေလျှင်တောင် အခြားသူများကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်သော ရှန်းချိုက်ကို သူ့အတန်းဖော်များက လက်မခံနိုင်ကြသေးပေ။

နောက်ဆုံးစာမေးပွဲသည် ကလေးကစားစရာမဟုတ်ဘဲ ​ဘွဲ့ယူခွင့်အတွက် ရလဒ်များဖြစ်၏။ Rachmaninoff သည် တစ်ကိုယ်တော်ရှိုးပွဲမဟုတ်ဘဲ သီချင်း ၁၉ ပုဒ်တွင် နှစ်ယောက်တွဲဆိုရသည်များ များစွာပါ၀င်ကာ ပြဇာတ်ထဲတွင် ဇာတ်ကောင်နေရာများစွာရှိပြီး လူတစ်ဦးတည်း ဖျော်ဖြေရန်မှာ လုံးဝမဖြစ်နိုင်ပေ။

"ကျေးဇူးတင်ပါတယ်၊ တကယ်တော့ ကျွန်တော့်ကို သူတို့အုပ်စုဆီကိုလာဖို့ ဖိတ်ခေါ်တဲ့ တစ်ချို့ကျောင်းသားတွေလည်း ရှိပါတယ်၊ ဒါပေမယ့် အဲ့ဒါမျိုး မလိုအပ်ဘူးလို့ ထင်မိတယ်" ရှန်းချိုက် တိတ်ဆိတ်စွာ ပြန်ဖြေလိုက်သည်။ " တီချယ်ချူး. . . ကျောင်းမှာ ကျောင်းသားတစ်ယောက်က အခန်းကဏ္ဍနှစ်ခုလုံးကို မဖျော်ဖြေရဘူးဆိုတဲ့ စည်းကမ်းရှိလို့လား "

"မရှိဘူး၊ ဒါပေမယ့် ... "

" တေးဂီတအတန်းမှာ တီချယ်ကျွန်တော်တို့ကို မတူညီတဲ့သရုပ်ဆောင်တွေပါတဲ့ တရားဝင်ဗွီဒီယိုနှစ်ခု ပြခဲ့တယ်၊ ပြဇာတ်နှစ်ခုစလုံးမှာ  Rach ကအရင်သရုပ်ဆောင်ပြီးတော့မှ  Dr. Dahl က သရုပ်ဆောင်ရတာ "

ချူပင်းက အကူအညီမဲ့စွာ ပြန်ပြောလိုက်သည်။ " အဲ့ဒီ့အချိန်တုန်းက မင်းမှာ ဒီလိုစိတ်ကူး ရှိနေခဲ့တာလား?? ဒါက မတူဘူးလေ၊ ဒီသရုပ်ဆောင်က နာမည်ကြီးနေတာကြာလှပြီ. . . စင်ပေါ်မှာလည်း အတွေ့အကြုံတွေ အများကြီးရှိပြီး တစ်ချိန်တည်းမှာပဲ နှစ်ယောက်နေရာသရုပ်ဆောင်တာမျိုး မဟုတ်ဘူး၊ Rach ကို အဓိကအခန်းကဏ္ဍအနေနဲ့ယူထားပြီး Dahl က သူ့ရဲ့ ဒုတိယမြောက် အခန်းကဏ္ဍပဲ "

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now