Chapter (14)

1K 224 6
                                    

Chapter (14)

Act 3: Rachmaninoff (1)
အဖြောင့်ကောင်တွေကရော ဘယ်လောက်များဖြောင့်ကြလို့လဲ??

ရှက်သွေးဖြန်းနေသော ရှန်းချိုက်တစ်ယောက် သူ့လက်ကိုင်ဖုန်းကို ဝှက်ပြီးသည်နှင့် နံနက်ခင်းလေ့ကျင့်ခန်းများကို သင်ကြားပြသပေးမည့် တာဝန်ရှိဆရာမသည် အကခန်းမထဲသို့ ၀င်လာခဲ့သည်။

သူမသည် ခဏလောက် လှည့်ပတ်ကြည့်နေခဲ့ပြီး ထောင့်စွန်းနားတွင်ထိုင်နေသောရှန်းချိုက်အား ချက်ချင်းနာမည်ခေါ်လိုက်၏။

" ရှန်းချိုက် " ဆရာမက ကြင်နာစွာဖြင့် ပြောလာသည်။ " မင်း ဒီဘက်ကိုထွက်လာပြီး ကောင်မလေးတွေနဲ့ အတူပေါင်းလိုက် "

စာသင်ခန်းကြီးမှာ ကျယ်ဝန်းလေပြီး အတန်းထဲတွင်တော့ ကျောင်းသားများစွာမရှိပေ။ တေးဂီတပြဇာတ်ဌာန၌ ကျောင်းသား ၂၉ ဦးသာရှိပြီး ယောက်ျားလေး ၁၅ ယောက်နှင့် မိန်းကလေး ၁၄ ယောက်ဖြစ်ကာ နံနက်ခင်းလေ့ကျင့်ခန်းအတွက် ခွဲထိုင်နေကြခြင်းပင်။

ရှန်းချိုက်လည်း အနည်းငယ်အံ့သြနေကာ စာသင်ခန်း၏ဘယ်ဘက်သို့ လျှောက်သွားလိုက်သည်။ ချီကျိကတော့ သူမလက်ကို ဝှေ့ယမ်းပြနေကာ သူ့အတွက်နေရာပေးရန် ဘေးဘက်သို့ ရွှေ့ပေးလိုက်၏။

ချီကျိက သူ့ကို မသင်္ကာစွာကြည့်လာပြီး "ဟဲ့ ရှန်းချိုက်! နင်ခုဏက ဘယ်သူနဲ့ စကားပြောနေတာလဲ?? ပြီးတော့ နင့်မျက်နှာက ဘာလို့အဲ့လောက်နီနေရတာလဲ??"

ရှန်းချိုက်က " နီနေတယ်ဟုတ်လား?? စာသင်ခန်းထဲက အရမ်းပူလို့နေမယ် " ဟုသာ သူမကိုပြောပြန်လိုက်သည်။

သူဘာကြောင့် အခုလိုလိမ်နေမိမှန်း သူလည်းမသိပေ။ ဝမ်ချင်းယွမ်နှင့်ပတ်သက်သော အရာအားလုံးကို သူလျှို့ဝှက်ထားချင်မိသည်။ သူ့အချစ်ဆုံးသူငယ်ချင်းကိုတောင် သူ မပြောပြနိုင်ပေ။

နတ်ဘုရားကြီး ဝမ်ချင်းယွမ်က သူ့ကို " ကိုယ့်ရဲ့ငန်းပေါက်လေး " ဟု ခေါ်ခဲ့သည်ပင်။ ဤနူးညံ့ချိုမြိန်လွန်းသော စကားလုံးသုံးလုံးက သူ့ကိုနီမြန်းလာစေပြီး သူ့နှလုံးသားလေးအား တစ်နေကုန်လုံး တဒုတ်ဒုတ်ခုန်နေစေသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now