Chapter (61)

855 179 8
                                    

Chapter (61)

Act 8 : The Cat Who Wants to Become Human  (5)
မင်း ကိုယ့်ဂျာစီကိုလက်ခံမှာလား??

နောက်ဆုံးဆွေးနွေးပွဲများအပြီးတွင် စီနီယာကျောင်းသားများ၏ အိပ်ဆောင်တစ်ဝက်နီးပါးလောက်၌ လူသိပ်မရှိတော့ပေ။

ဘွဲ့ဓာတ်ပုံများကို ဇွန်လလယ်လောက်မှာရိုက်ဖို့  စီစဉ်ထားကြခြင်းဖြစ်ပြီး ရှန်းချိုက်သည် အဖွဲ့ထဲရှိလူတိုင်းအား မိတ်ကပ်အတွက်ပြင်ဆင်ထားရန်၊ အဝတ်အစားများပြင်ဆင်ထားရန်နှင့် နောက်မကျစေရန် တစ်ပတ်လောက်ကတည်းက ကြိုတင်သတိပေးထားခဲ့သည်။

သို့သော် ရိုက်ကူးရေးနေ့၌ အိပ်ပျော်နေခဲ့သော ကျောင်းသားနှစ်ဦးရှိနေသေး၏။

ဓာတ်ပုံရိုက်ပေးသူအမျိုးသမီးက "မင်းတို့အတန်းပြီးရင် တခြားအတန်းတွေကိုလည်း ရိုက်ပေးဖို့စီစဉ်ထားသေးတယ်။ အခုသူတို့မလာရင် နောက်မှဓာတ်ပုံရိုက်ဖို့ အချိန်မလောက်တော့ဘူးနော်"

ရှန်းချိုက်လည်း ခေါင်းငုံ့ပြီးတောင်းပန်ရုံသာ  တတ်နိုင်သည်။ ဓာတ်ပုံရိုက်ပေးမည့်သူအား အခြားအတန်းများ၏ဓာတ်ပုံများကို ဦးစွာရိုက်ပေးပြီးမှ သူတို့အတန်းအတွက်ဓာတ်ပုံကို နေ့ခင်းဘက်တွင်ပြန်ရိုက်ပေးပါရန် တောင်းဆိုလိုက်၏။

ရှန်းချိုက်၏အသားအရေမှာ ဖြူဖျော့ဖျော့လေးဖြစ်နေပြီး နေပူထဲ၌ အချိန်အတော်ကြာအောင် ပြေးလွှားနေခဲ့ရသဖြင့် နှာဖျားလေး၌ ချွေးစို့နေကာ ပါးပြင်များမှာလည်း နီမြန်းလျက်ရှိသည်။ ဓာတ်ပုံဆရာမကတော့ သူမ နတ်ဘုရားတစ်ပါးကို မြင်နေရတာများလားဟုတောင် ခံစားလိုက်ရ၏။

"အမ်း... အဆင်ပြေပါတယ်!" ဓာတ်ပုံဆရာမက အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားပြော၏။ "မင်းက အရမ်းကြည့်ကောင်းတာပဲ... မောင်လေး ...အမ်း မဟုတ်သေးဘူး၊ ဒီလို အရမ်းဖြူစင်နေလွန်းလို့ အစ်မက မင်းကို မျက်နှာသာပေးလိုက်မယ်နော်"

ရှန်းချိုက် ပြန်ပြုံးပြလိုက်စဥ် သူ့မျက်ဝန်းလေးများက လှပသောလခြမ်းလေးနှစ်ခုပမာ ကွေးညွှတ်သွားတော့သည်။

အချိန်ဇယား ပြန်ဆွဲလိုက်ခြင်း၏ ရလဒ်အနေဖြင့် သူ့အတန်းဖော်များသည် လုပ်စရာအများကြီးမရှိတော့သောကြောင့် ပိုနေသောအချိန်များအတွင်း အဖွဲ့လိုက်ဓာတ်ပုံရိုက်ရန် အခြားသူများကို သွားရှာကြရင်းတဖြည်းဖြည်းပြန့်ကျဲသွားကြသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now