Chapter (27)

812 194 14
                                    

Chapter (27)

Act 4 : Billy Elliot (8)

ရှန်းချိုက်၏ ရုတ်တရက်ဆန်သော ကျူးကျော်ဝင်ရောက်မှုသည် အဆိုစာသင်ခန်းရှိလူတိုင်းကို ထိတ်လန့်စေခဲ့သည်။

ဘဲလေးဌာနရှိ ကောင်လေးများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေသည်။ မင်းငါ့ကိုကြည့်တယ်၊ ငါကလည်း မင်းကိုကြည့်တယ်၊ သူတို့အားလုံး အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမှန်း မသိတော့ပေ။

သူတို့အားလုံးစိုက်ကြည့်နေသောသူမှာ  တစ်ချိန်တုန်းက သူတို့ဘဲလေးဌာန၏ ဒဏ္ဍာရီလာ ညီအစ်ကိုဟောင်း ရှန်းချိုက်ဖြစ်ပြီး ရုတ်တရက် ဒီ “ ဒဏ္ဍာရီလာ ” ကြီးက အမျိုးသားဇာတ်ဆောင်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာကို သူတို့အားလုံး ဘယ်လိုမှ စိတ်မ၀င်စားဘဲမနေနိုင်ပေ။

" ရှန်းချိုက် မင်းဘာလို့ ဒီကိုရောက်နေတာလဲ??"  အသံပိုင်းဆရာက ရှန်းချိုက်ကိုမျက်နှာမူကာ ရှင်းပြလိုက်သည်။  " စိတ်မကောင်းပါဘူး. .   ဒီရွေးချယ်မှုက လူတိုင်းစာရင်းသွင်းကြတာမဟုတ်ဘူး၊ ဘဲလေးဆရာမရဲ့ အကြံပြုချက်တွေအရ မင်းက ... "

သူ့စကားမဆုံးခင်တွင် အမျိုးသားတစ်ယောက်၏အသံက ပြင်းပြင်းထန်ထန် ထွက်ပေါ်လာက သူ့ကို ဟန့်တားလိုက်သည်။

" ရှန်းချိုက်? သူက ရှန်းချိုက်လား??"  ဒါရိုက်တာထန်းဖန်းယွီသည် မတ်တပ်ထလိုက်ကာ တံခါးအပြင်ဘက်ရှိကောင်လေးအား စိတ်ဝင်တစားကြည့်လိုက်ပြီး " အမျိုးသားဇာတ်လိုက်နေရာအတွက် ဝင်ပြိုင်​ချင်တာလား?? "

စက်အဖွဲ့သားများသည် ကျောင်း၌ တစ်လကြာရှိနေခဲ့ပြီး ရှန်းချိုက်နှင့်ပတ်သက်သော ကောလဟာလများစွာကို ကြားမိကြသည်။ ဤသို့ ဘေးဒုက္ခဆိုးများ ကြုံတွေ့ခဲ့ဖူးသော လူငယ်လေးတစ်ယောက်သည် ညည်းတွားနေပြီးအရောင်မှိန်ကာ မောက်မာနေလိမ့်မည်ဟု သူထင်နေခဲ့သော်လည်း လွန်ခဲ့သောမိနစ်အနည်းငယ်က ရှန်းချိုက်ဟူသည့်ကလေးသည် ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ ခေါင်းကိုမြှင့်ကာ အပြင်းအထန်ပြေးလာခဲ့ပြီး အရှိန်ပြင်းပြင်းတောက်လောင်နေသည့် မီးတောက်လေးတစ်စလိုပင်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now