Chapter (85)

837 173 4
                                    

Chapter (85)
ပိတ်ကားချ : Fame the Musical (2)
ဘယ်သူကများ ရှန်းချိုက်ကို ဒီလောက်ထိအလိုလိုက်ထားတာလဲ??

ယခုနှစ် နွေဦးပွဲတော်အစောပိုင်းလေးတွင်မှ 'သန်းခေါင်ယံနေမင်းအား စောင့်စားခြင်း' တေးဂီတဖျော်ဖြေပွဲကို ဟွာချောင်းတွင်သာ အဆုံးသတ်နိုင်ခဲ့သည်။ နောက်ရက်​အနည်းငယ်အကြာတွင်တော့ နွေဦးပွဲတော်သို့ ရောက်လာပြီဖြစ်သည်။

Blockbuster စတူဒီယိုသည် နှစ်ဆယ့်ငါးရက်နေ့တွင် ရုံးပိတ်ပေးထား၏။ ကျန်ရက်အနည်းငယ်တွင်တော့ ထန်ယီမင်သည် ရှန်းချိုက်နှင့်အတူ နွေဦးပွဲတော်အတွက် လိုအပ်သောပစ္စည်းများ ဆက်လက်ဝယ်ယူခဲ့သည်။ ယခုအခါတွင် အွန်လိုင်းရှော့ပင်းလုပ်ငန်းများ ကောင်းမွန်စွာဖွံ့ဖြိုးလာပြီဖြစ်သော်လည်း စူပါမားကတ်မှ "ချမ်းသာလာတဲ့အတွက် ဂုဏ်ယူပါတယ်၊ ကျန်းကျန်းမာမာရှိလို့ ဂုဏ်ယူပါတယ်" ဟူသည့်သီချင်းသံကိုနားထောင်ရင်း လူအုပ်ကြီးနှင့်အတူ စူပါမားကတ်တွင် စျေးဝယ်ထွက်ရခြင်းသည်လည်း ပျော်စရာကောင်းနေတုန်းပင်။ အဘိုး၊အဘွား၊ အဒေါ်ကြီးများနှင့် ကြက်ဥအပြိုင်လုရသည်မှာလည်း နွေဦးပွဲတော်၏ ထူးခြားသောအငွေ့အသက်များဖြစ်သည်။

ရှန်းချိုက်စားချင်သော အဆာပြေအသီးအနှံများ၊ ဝယ်ထားချင်သော အသီးအနှံများနှင့် အိမ်တွင်ချက်စားရန် ကြက်သား ၊ ဘဲသား ၊ ငါး ​​နှင့် အခြားအရာများအပြင် ရှားရှားပါးပါးရာသီထုတ်ကုန်ရေခဲမုန့်များတောင်ရှိပြီး ရှန်းချိုက်က ၎င်းတို့ကိုမဝယ်ယူခဲ့သော်လည်း ထန်ယီမင်ကတော့ ရှန်းချိုက်ကြည့်လိုက်သည့်အရာတိုင်းကို ပိုက်ဆံမပေးရသည့်အတိုင်း ဈေးဝယ်လှည်းထဲအကုန်ထည့်နေတော့သည်။

ရှန်းချိုက်က ပြောသည်။ "နေပါဦး... ကျွန်တော့်အသက်က ဘယ်လောက်ရှိနေပြီလဲရောသိရဲ့လား!? အဆာပြေမုန့်တွေ အရမ်းဝယ်မနေနဲ့"

"အသက်က ဘယ်လောက်ရှိသေးလို့လဲ?? အခုမှ ၂၀ ကျော်ကျော် ကလေးတစ်ယောက်အရွယ်ပဲဟာကို" ထန် · အသက် ၃၀ အရွယ်  ရင့်ကျက်အရွယ်ရောက်ပြီးသူ · ယီမင်ကတော့ စင်ပေါ်မှ အဆာပြေမုန့်အိတ်ကြီးကိုယူ၍ ရှန်းချိုက်ကိုပြလိုက်သည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now