Chapter (63)

882 171 2
                                    

First of all, အားလုံးကို တောင်းပန်ပါတယ်~~ ဒီတလော အိုင့် Personal အလုပ်တွေက အရမ်းရှုပ်နေလို့ပါ။ ပြီးတော့ မီးကလည်းအရမ်းပျက်နေတော့ ဘာသာပြန်ရတာ အလုပ်သိပ်မတွင်လို့ပါနော်။ ပုံမှန်ပြန် up နိုင်အောင် အမြန်ဆုံးကြိုးစားပါ့မယ်~~ ကျေးဇူးပါ။

Chapter (63)

Act 8: The Cat Who Wants to Become Human (7)
ချိုက်ချိုက်... ကိုယ်ရဲ့ငန်းပေါက်လေး၊ ကိုယ့်ကို အခုလိုမျိုး နောက်တစ်ခေါက်လောက် ထပ်ခေါ်ပါဦး

ကံကောင်းထောက်မစွာပင် ရှန်းချိုက်သည် ထန်ယီမင်မျှော်လင့်ထားသလောက် မရက်စက်ခဲ့ပေ။

"အတန်းဖော် မိန်းကလေးလား??" ထန်ယီမင်သည် သူ့အသံကိုရှင်းရှင်းလင်းလင်းကြားရစေရန် မြှင့်ပြောလိုက်ပြီး "မင်းအတွက် ဝိုင်းစဥ်းစားပေးစေချင်တဲ့ Relationship ပြဿနာက အတန်းဖော်မိန်းကလေးက မင်းကိုသဘောကျပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိလို့ဆိုတာလား??"

"သာမန် 'အတန်းဖော်မိန်းကလေး' မဟုတ်ဘူး!" ဖုန်းတစ်ဖက်ရှိ ကောင်လေး၏အသံမှာ အနည်းငယ်ကျယ်လာ၏။ "ကျွန်တော်နဲ့ အရမ်းကောင်းတဲ့ဆက်ဆံရေးရှိထားတဲ့ 'အတန်းဖော် မိန်းကလေး'"

ထန်ယီမင်လည်း ရယ်မောလိုက်၏။ "ကလေး... မင်းကို ကောင်မလေးတွေ တစ်ခါမှဖွင့်မပြောဖူးဘူးလား??"

"ဖွင့်ပြောဖူးတယ်လေ... ဒါ​ပေမယ့်​ အခုနဲ့ မတူဘူး... ချီကျိက ကျွန်တော်အခန်းပြောင်း​ပြီး ပထမဆုံး​ခင်ခဲ့ရတဲ့သူငယ်​ချင်း။ သူက ကျွန်​​တော့်​အတွက် ထူးခြားတယ်" ရှန်းချိုက်က စိတ်မကောင်းစွာဖြင့် "ဖြစ်နိုင်ရင် သူနဲ့ တစ်သက်လုံး သူငယ်ချင်းပဲဖြစ်သွားချင်တယ်"

"ဒါပေမယ့် မင်းသိပါတယ်၊ သူ့စိတ်ထဲကအကြောင်းအရာကို မင်းသိအောင်ချရေးပြလိုက်တဲ့အချိန်ကတည်းက မင်းတို့က သူငယ်ချင်းဖြစ်လို့မရတော့ဘူး" ထန်ယီမင်သည် ရှန်းချိုက်ထက် အဆပေါင်းများစွာ ပိုမိုရင့်ကျက်ပြီး ရှန်းချိုက်ထက်လည်း ဘေးလူ၏ခံစားချက်များကို ပိုမိုမြင်တွေ့ခဲ့ရသည်။

မျှော်လင့်ချက်ကင်းမဲ့သည့် အချစ်တိုင်းလိုလိုသည် သည်းမခံနိုင်သည့်နောက် ဖွင့်ဟဝန်ခံမှုတစ်ခုဖြစ်သွားကြ၏။ 'ငါမင်းကိုကြိုက်တယ်' ဆိုသည့် စကားလုံးသည် နှစ်ယောက်ကြားရှိ သိမ်မွေ့နူးညံသောချိန်ခွင်လျှာကို ရိုက်ချိုးပစ်လိုက်ပြီး နောက်ဆုံးမှာတော့ ခင်မင်ရင်းနှီးမှုလည်း ဆက်မဖြစ်တည်နိုင်တော့ပေ။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now