Chapter (10)

1.1K 236 5
                                    

Chapter (10)

Act 2: Hairspray (3)
ယီမင် ချင်းယွမ် : ငါအရမ်းသဘောကျတဲ့ အသံတစ်ခုရှိနေတယ်

ပြဿနာများရှာဖွေရန် ညဇီးကွက်များထွက်လာသည့်အချိန်တွင် ​အတော်လေးညဉ့်နက်နေပြီဖြစ်၏။

အသံဇာတ်လမ်းတွဲ အဖွဲ့ဝင်များ အဖွဲ့တွင်းစကားဝိုင်း၌ စိတ်လှုပ်ရှားမှုများစွာ ရှိနေခဲ့သည်။

အုပ်စုဖွဲ့ စကားဝိုင်း၌ အတင်းအဖျင်းများပြောခြင်း၊ အလုပ်ကိစ္စများကို ဝေဖန်ခြင်း၊ သူငယ်ချင်းများနှင့် ဂိမ်းကစားခြင်း၊ Taobao တွင် လှပသောအဝတ်အစားတို့အား ဝေမျှခြင်းများသာ ရှိနေခဲ့သည်။

အဟုတ်ပင်။ လေးနက်သော စီးပွားရေးလုပ်ငန်း ကိစ္စအတွက်တော့ ဘာတစ်ခုမျှ မရှိနေခဲ့။

[ကျိုရှောင်းအသံ -- ဒုတိယသား] : [ဒေါသထွက်နေ] [ဒေါသထွက်နေ] [ဒေါသထွက်နေ]

[ကျိုရှောင်းအသံ -- ဒုတိယသား] : စကားဝိုင်းထဲကို တစ်မိနစ်လောက် ငါမကြည့်လိုက်တာနဲ့ မက်ဆေ့ဂျ်တွေက ၉၉+ ပဲနော်! နင်တို့မှာ စကားပြောဖို့အချိန်ရှိနေရင် ဘာလို့ငါ့ကိုလာမကူညီ ကြတာလဲ!!  !!  !!  !!  !!  !!  !!  !!  !!  !!

[ကျိုရှောင်းအသံ -- ဒုတိယသား] : [ဒေါသထွက်နေ] [ဒေါသထွက်နေ] [ဒေါသထွက်နေ]

သူမ စကားမပြောလျှင် အဆင်ပြေသေး၏။ သို့သော် သူမ စကားစပြောပြီးသည်နှင့် တစ်အုပ်စုလုံး ချက်ချင်းကို တိတ်ဆိတ်သွားတော့သည်။  အကယ်၍သာ အစောပိုင်းကစာပို့ထားသည့် အထောက်အထားများ ဖန်သားပြင်ပေါ်တွင် ကျန်မနေခဲ့ပါက ဤစကားဝိုင်းသည် တိတ်ဆိတ်ကာ သရဲခြောက်နေသော လူသေအုပ်စုဟုတောင် ထင်သွားနိုင်လောက်သည်။

ဒီဒုတိယသားက ဘယ်သူလဲ??

သူမသည် ဒုတိယသားအဖြစ် လူသိများသော်လည်း အမှန်တကယ်တမ်းတော့ မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။ အစပိုင်းတွင် ကျိုရှောင်းအသံကို စိတ်တူကိုယ်တူသူငယ်ချင်း ၇ ယောက်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး အပျော်သဘောဖြင့် သူတို့ကိုယ်သူတို့ သားခုနစ်ယောက်ဟု ခေါ်ဆိုကြသည်။

ထိုအချိန်တွင်တော့ ကျိုရှောင်းအသံအား ဤအသိုင်းအဝိုင်း၌ လူသိအများဆုံး အသံလွှင့်အသိုင်းအဝိုင်းတစ်ခုဖြစ်လာအောင် အတူတကွလုပ်ဆောင်ကြရန် သဘောတူခဲ့ကြသည်။ သို့သော် ကံမကောင်းစွာပင် ရည်မှန်းချက်အောင်မြင်သွားပြီးနောက် သားခုနစ်ယောက်မှာ ကွဲထွက်သွားကြပြီး နောက်ဆုံးတော့ ဒုတိယမြောက်သားကသာ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ရသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now