Chapter (51)

880 198 14
                                    

Chapter (51)

Act 7 : Fan Letter (3)
ရှန်းချိုက်ရဲ့နွေဦးကို သူလွတ်သွားခဲ့ချိန်မှာ ရှန်းချိုက်ကတော့ သူရဲ့နွေရာသီအသစ်ကို ရှာတွေ့သွားခဲ့ပြီ

ထန်ယီမင်၏ တေးဂီတပြဇာတ်များအပေါ်နားလည်မှုသည် ဘာမှကိုမသိသောအခြေအနေတွင်ရှိ၏။ သို့သော်လည်း သူသည် ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများကို မကြာခဏအသံသွင်းရသည့်အတွက် ပြဇာတ်များစွာကို ကြည့်ရှုခဲ့ဖူးလေသည်။

မကြာသေးမီနှစ်များအတွင်း ပြည်တွင်း၌ တေးဂီတပြဇာတ်များကို ရုပ်ရှင်များအဖြစ် မကြာခဏပြသလေ့ရှိရာ ကလေးများအတွက် ဖန်တီးထားသည့် ကာတွန်းရုပ်ရှင်များတွင်ပင် ဇာတ်ဆောင်သည် သီချင်းဆိုခြင်းနှင့်ကခုန်ခြင်းတို့ကို ပြုလုပ်ရသည်။ ထန်ယီမင်အတွက် အသံငါးသံမပြည့်မစုံဖြင့် မွေးဖွားလာသည်မှာ သနားစရာကောင်းလှ၏။ ထို့ကြောင့် ဤကဲ့သို့ဇာတ်ကားမျိုးကို တာဝန်ယူရတိုင်း သူနှင့်အတူ ဇာတ်ဆောင်အတွက် လူသိရှင်ကြားသီချင်းပေးရန် အထူးအဆိုတော်တစ်ယောက်လိုအပ်သည်။

ရှန်းချိုက်သည် အမှန်တကယ်ကို တေးဂီတပြဇာတ်သရုပ်ဆောင်တစ်ဦးဖြစ်နေကြောင်း သိရှိလိုက်ရပြီးနောက် ထန်ယီမင်သည် လုံးဝမမျှော်လင့်ထားသလို ခံစားခဲ့ရ၏။

သို့သော် လွန်ခဲ့သည့်ငါးနှစ်ခန့် ခန့်မှန်းနှင့်သူစကားပြောစဥ်အချိန်က အသေးစိတ်အချက်အလက်များအားလုံးကို စဥ်းစားကြည့်ပါက ဤအမှန်တရားကို တွေ့ရမည်ဖြစ်သည်။

ထိုအချိန်က ခန့်မှန်းသည် ပေါ့ပ်သီချင်းများကို အဆိုများ၏။ ပွဲတော်တိုင်းလိုလိုတွင် သီချင်းဆိုရတိုင်း တေးဂီတပြဇာတ်များနှင့်သာ ပတ်သတ်နေလေ့ရှိသည်။ အကယ်၍ သူသာ ဤလုပ်ငန်းခွင်နှင့်မသက်ဆိုင်ပါက ထိုမျှလောက်ထိ အလွန်ရင်းနှီးနေလိမ့်မည်မဟုတ်ပေ။

ထိုအချိန်က အလွန်သတိမထားမိသူမှာ ထန်ယီမင်သာဖြစ်ပြီး ကောင်လေးဖုံးကွယ်ရန်ကြိုးစားသည့်အမှန်တရားများကို သူ တကယ်သတိမထားမိခဲ့ပေ။

ထန်ယီမင်၌ မေးခွန်းများစွာရှိနေပြီး ရှန်းချိုက်နှင့်ပတ်သတ်၍ အလွန်သိချင်လာ၏။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now