Chapter (45)

877 185 19
                                    

Chapter (45)

Act 6 : The Little Prince (7)
မင်းရဲ့ကောင်လေးက တစ်ကယ်ကိုဝမ်ဖုပီသတယ်

ဘေးကြပ်နံကြပ်တင်းမာနေသော လူရွေးပွဲက နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီး ထန်ယီမင်လည်း အကြာကြီးနေပြီးမှ ကောင်းမွန်စွာအိပ်စက်နိုင်သွား၏။

နောက်ဆုံးရလဒ်က မည်သို့ပင်ရှိစေကာမူ  အပြည့်စုံဆုံးသောစွမ်းဆောင်မှုဖြင့် သူ့သက်ဆိုင်ရာဇာတ်ကောင်ကို သေချာစွာအသံသွင်းနိုင်ခဲ့ခြင်းကြောင့် လုံးလုံးလျားလျား စိတ်ချထားနိုင်လေသည်။

ခံစားချက်အပြည့်နှင့် ပျော်ဝင်မှုအပြီး စိတ်ချလက်ချ အနားယူလိုက်နိုင်၏။

နောက်တစ်နေ့အစောပိုင်းတွင် သူ နံနက်စာစားပြီးနောက် အခြားကိုယ်စားလှယ်လောင်းများဆီသို့ သွားလိုက်သည်။

အံ့သြစရာကောင်းသည်မှာ သူကလွဲ၍ လူတိုင်းလိုလိုသည် မျက်ကွင်းများညိုမည်းနေကာ တောက်လျှောက်သမ်းဝေနေကြ၏။ ဤသည်မှာ ခရီးပန်းခြင်းကြောင့်လား သို့မဟုတ် မနေ့ညက လုံးဝအိပ်မပျော်ဘဲ နောက်ဆုံးရလဒ်ကိုစိုးရိမ်နေခြင်းကြောင့်လားကိုတော့ဘယ်သူမှမသိနိုင်ပေ။

ထန်ယီမင်သည် အလွန်အမင်းလန်းဆန်းနေသည့်ပုံပေါက်နေသဖြင့် ရှောင်ချင်းလည်း သေချာပေါက်ကို အနည်းငယ်ချဉ်သွားတော့သည်။

ရှောင်ချင်း : " ကြည့်ရတာ မနေ့က ကောင်းကောင်းအနားယူလိုက်ရတဲ့ပုံပဲ"

ထန်ယီမင် : "အရမ်းအဆင်ပြေပါတယ်. . .  ဘာပဲဖြစ်ဖြစ် လူရွေးပွဲကပြီးသွားပြီပဲလေ"

ရလဒ်အတွက် ကောင်းမွန်စွာပြင်ဆင်ထားသည့် ဤလူငယ်လေးကိုမြင်လိုက်ရသောအခါ ရှောင်ချင်းသည် မနေ့တုန်းက ထိုသူပေးလာသောအင်္ဂလိပ်စာသင်တန်းစာရွက်ကိုပြန်အမှတ်ရသွားကာ အံကြိတ်လိုက်မိသည်။

ရှောင်ချင်း : "နောက်ဆုံးမေးခွန်းကိုရော မင်းဘယ်လိုဖြေခဲ့လဲ?? အာကာသယာဉ်မှူးက  နောင်တရလိမ့်မယ်လို့ထင်လား??"

ထန်ယီမင်က "နောင်တရတာနဲ့ နောင်တမရဘူးဆိုတာမှာ အဖြေမှန်မရှိလောက်ဘူး" ဟု ပြန်ဖြေလိုက်သည်။ "ဒါပေမယ့် ကျွန်တော်ကတော့ တော်တော်လေးကံကောင်းတယ်၊ မနေ့က လူရွေးပွဲထဲမဝင်ခင် နောင်တရတာတွေနဲ့ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်နဲ့ အမှတ်မထင်စကားပြောမိထားလို့ အဆင်ပြေသွားတယ်. . . အဲ့ဒါတွေက ကျွန်တော့်ကိုတွေးစရာတွေအများပေးတယ်။ အခန်းထဲဝင်သွားတော့လည်း တိုက်တိုက်ဆိုင်ဆိုင် ဒီလိုမေးခွန်းမေးလာမယ်လို့ မမျှော်လင့်ထားဘူး "

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now