Chapter (50)

978 213 30
                                    

Chapter (50)

Act 7 : Fan Letter (2)
မင်ကော. . . ဒါကျွန်တော့်ကောင်လေး

ထန်ယီမင်သည် တစ်စက္ကန့်လောက်တော့ ရှန်းချိုက်စကားပြောမှားသွားတာဖြစ်မည်ဟုသာ ထင်နေခဲ့၏။

ဒါမှမဟုတ် ရှန်းချိုက်ရဲ့ကောင်လေးဆိုတာက တခြားအရာတစ်ခုဖြစ်လောက်၏။ ကောင်လေးဟုခေါ်သော သူ့စက်ဘီး သို့မဟုတ် နာခံမှုရှိသော ခွေးလေခွေးလွင့်လေးတစ်ကောင်လည်း ဖြစ်နိုင်သေးသည်။

အမှန်တရားကတော့ သူ​မှားပြောမိခြင်းမဟုတ်ပေ - မှန်ပြတင်းပေါက်ဆီသို့ညွှန်ပြနေသော ရှန်းချိုက်လက်၏တည်နေရာမှာ လမ်းဘေးမီးတိုင်အောက်ရှိ အနီရဲရဲမော်တော်ဆိုင်ကယ်လေးဆီ၌ ရပ်တန့်သွားခဲ့၏။

ထန်ယီမင် အေးခဲသွားတော့သည်။

လက်တစ်ဖက်က ဆိုင်ကယ်ဦးထုပ်ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က သတင်းစာနှင့်ပတ်ထားသည့်ပန်းစည်းလေးကို ကိုင်ဆောင်ထားသော လူငယ်လေးတစ်ဦးက ဆိုင်ကယ်ဘေးတွင် မှီရပ်နေ၏။

ပန်းစည်းလေးသည် အနည်းငယ်ဈေးနိမ့်ပုံပေါက်ပြီး တောက်ပသောလိမ္မော်နီရောင်နေကြာပန်းပွင့်များကို သက်ဝင်လှပသောပုံစံဖြင့် စုချည်ထားခြင်းဖြစ်သည်။  အကိုင်းအခက်များသည် ရှည်လျားတိုတောင်းပြီး ပြန့်ကျဲနေကာ ပန်းပွင့်လေးများဖြင့်ရောယှက်နေလျက် အသစ်အဆန်းတစ်ခုလိုဖြစ်နေ၏။

အလဲအလှယ်အနေဖြင့် ကောင်လေးဆီမှ အပြုံးကြီးကြီးတစ်ပွင့် ရခဲ့လေသည်။

"မန်ချွမ်!" ရှန်းချိုက်သည် မှန်တံခါးကိုဖွင့်လိုက်ကာ ပျော်ရွှင်မြူးထူးနေသောငှက်လေးတစ်ကောင်ကဲ့သို့ ပြေးထွက်တော့သည်။

စန်မန်ချွမ်ကလည်း သူ့အား လက်နှစ်ဖက်ဖြင့်  ပွေ့ဖက်လိုက်၏။ သူသည် ရှန်းချိုက်ထက်ခေါင်းတစ်လုံးစာမျှ အရပ်ပိုရှည်ပြီး ပြင်ပအားကစားလှုပ်ရှားမှုများကို သဘောကျနှစ်သက်သူတစ်ဦးကဲ့သို့ ဂျုံရောင်အသားအရည်ရှိသည်။

ညဥ့်အချိန်အခါ၌ ငယ်ရွယ်သောလိင်တူချစ်သူစုံတွဲလေးသည်  လမ်းပေါ်တွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကြ၏။ ထန်ယီမင်ကတော့ သူတို့နောက်တွင်ကျန်နေခဲ့ပြီး သူ့နှလုံးသားကလည်း ဘယ်နေရာမှအစဖော်ရမှန်းမသိအောင် ရှုပ်ထွေးနေတော့သည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now