Chapter (87)

861 170 10
                                    

Chapter (87)
ပိတ်ကားချ: Fame the Musical (4)
'မင်းတို့စုံတွဲရဲ့ ချစ်စကြင်စအချိန်!? ဟုတ်လား!? ငါ့ယောင်္ကျားနဲ့ငါဆို ငါတို့ရဲ့မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်းထွက်နေတုန်းပဲရှိသေးတယ်!!'

ဤနှစ်သစ်တွင်တော့ ထန်ယီမင်သည် သူ့ချစ်သူလေးအား နှစ်ပေါင်းများစွာမကြုံဖူးခဲ့သော ပျော်ရွှင်ဖွယ်ရာပြန်လည်ဆုံဆည်းမှုလေးတစ်ခုပေးနိုင်ခဲ့သည်။

နှစ်ယောက်စလုံး ခေတ္တခဏမျှသာ အနားယူခဲ့ကြသဖြင့် နိုင်ငံခြားသို့လည်း အလည်အပတ်ခရီးမျိုးမသွားနိုင်ခဲ့ကြပေ။ ထို့ကြောင့် ရှုခင်းအချို့ကြည့်ရန် အနီးနားရှိမြို့တစ်မြို့ကိုသာ ကားမောင်းသွားကြမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ကံမကောင်းစွာပင်၊ သူတို့မထွက်ခွာခင်ည၌ ဟွာချောင်းမြို့တွင် ရုတ်တရက်ဆန်စွာ နှင်းများထူထပ်စွာကျဆင်းခဲ့၏။ နှစ်ပေါင်းများစွာအတွင်း ဟွာချောင်း၌ ယခုလောက်ထိ နှင်းထူထပ်ခြင်းမျိုးမရှိခဲ့ပေ။ ကြီးမားသော နှင်းပွင့်ချပ်ကြီးများသည် မြေပြင်ပေါ်၊ သစ်ပင်များပေါ်၊ ကားများပေါ်နှင့် အိမ်အမိုးများပေါ်သို့ ငွေရောင်ငန်းအမွေးများအတိုင်း တသောသောကျဆင်းနေခဲ့သည်။ အချိန်တစ်နာရီအတွင်း ကမ္ဘာကြီးသည် ကြီးမားသောအဖြူရောင်လွင်ပြင်ကြီးဖြစ်လာ၏။

ထန်ယီမင်နှင့်ရှန်းချိုက်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့၏ 'ကိုယ်တိုင်ကားမောင်းကာ အခြားမြို့ရှိရှုခင်းများကိုသွားကြည့်ကြမည့်ခရီးစဉ်' အား 'အိမ်အောက်ထပ်ရှိဥယျာဉ်လေးဆီသို့ ခရီးစဉ်'အဖြစ် ပြောင်းလဲလိုက်ရန် တိတ်တဆိတ်ဆုံးဖြတ်လိုက်ကြပြန်သည်။

သူတို့နှစ်ဦးသည် ခန္ဓာကိုယ်ဝတုတ်ပြီး ကြီးမားသောခေါင်းအဝိုင်းကြီးရှိသည့် နှင်းလူသားရုပ်တစ်ရုပ်လုပ်ခဲ့ကြ၏။ ထန်ယီမင်လည်း သူတို့အိမ်ထဲတွင် လည်စီးပဝါဟောင်းတစ်ထည်ရှာတွေ့ခဲ့ပြီး နှင်းလူသား၏လည်ပင်းတွင် ပတ်ပေးထားလိုက်သည်။

သူသည် ရှန်းချိုက်၏ခြေဖျားများ အေးခဲလာမည်ကိုစိုးရိမ်​သောကြောင့် ရှန်းချိုက်စီးသည့်နှင်းဖိနပ်ထဲတွင် အပူခံအပြား​နှစ်ခုကိုပါ ထည့်ပေးထားခဲ့သည်။ ရှန်းချိုက်တစ်ယောက် နှင်းလူသားအနားတွင်ရပ်လိုက်သည်နှင့် ထိုနှင်းလူသားနှင့်သူသည် အမြွှာများကဲ့သို့ပင် တူညီစွာဖြင့်ဖောင်းကားတုတ်နေကြတော့သည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now