Chapter (77)

836 176 18
                                    

Chapter (77)
Act 10: Singing in the Rain (2)
ဒါက ဂီတဒါရိုက်တာယောင်ရင်ပဲ

ညကြီးသန်းခေါင်အချိန်၌ ငွေကြယ်ပွင့်ချန်ဇီရန်သည် သူ့သူငယ်ချင်း၏ကျေးဇူးဖြင့် အိပ်ပျော်သွားပြီးနာရီဝက်မပြည့်ခင်အချိန်လေးတွင် ပြန်နိုးလာတော့သည်။

"ရှန်း-ချိုက်!!!" ချန်ဇီရန်မှာ မျက်လုံးတောင်မဖွင့်လာဘဲ ဆက်တိုက်ပူညံပူညံဖြင့် အော်ပြောလာသည်။ "ဒီတစ်ပတ်လုံး ငါ တစ်နေ့ကို သုံးနာရီလောက်ပဲ အိပ်ရတယ်ဆိုတာ မင်းသိရဲ့လား?? ငါ့အသက်က ၂၃ နှစ်ပဲ ရှိပါသေးတယ်၊ ဒါပေမယ့် မျက်လုံးထောင့်နားမှာ ကျီးကန်းခြေထောက်တွေတောင် ရှိနေပြီဆိုတာရော မင်းသိလား ??ငါ ဒီနေ့ ရှိုးပွဲ ၅၀ ကျော်လောက် ပြေးလွှားထားရတာ!! အခုဘယ်အချိန်ရှိပြီလဲရော မင်းသိရဲ့လား???"

"..." ဖုန်းတစ်ဖက်ရှိ သူ့သူငယ်ချင်းလေးဆီမှ ခပ်တိုးတိုးပြောသံလေး ထွက်လာသည်။ "အဲ့ဒါ... အဲ့ဒါက ငါ့ကို လူတစ်ယောက်နမ်းသွားတယ်"

ချန်ဇီရန်မှာ အလွန်အိပ်ငိုက်နေရင်း ရှန်းချိုက်ကို ငေါက်ငမ်းလိုက်သည်။ “နမ်းခံရတာ၊ ဖက်ခံရတာ... စင်ပေါ်မှာသရုပ်ဆောင်တိုင်း မင်း တစ်ယောက်ယောက်ဆီကနေက နမ်းခံရမယ် ဖက်ခံရမယ်လေကွာ"

"ငါ့ပါတနာသရုပ်ဆောင်မဟုတ်ဘူး...အခုက ငါ့အိမ်ရှင် "

ချန်ဇီရန်မှာ ချက်ချင်းပဲ အိပ်ယာပေါ်တွင်ထထိုင် လိုက်ရင်း "မင်းရဲ့အိမ်ရှင်!! မင်းရဲ့အိမ်ရှင်က မင်းကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်နေတာလား???"

"မဟုတ်ဘူး၊ မဟုတ်ဘူး... လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာမျိုး မဟုတ်ဘူး" ဖုန်းတစ်ဖက်ရှိရှန်းချိုက်မှာ အမြန်ငြင်းဆို၏။ "ငါတို့ ဒီည အိမ်မှာ  ရုပ်ရှင်အတူကြည့်ကြရင်း... ငါလည်း ရှုပ်ထွေးနေပြီးတော့... နမ်းလိုက်ကြတာ"

ထိုအခါမှသာ ချန်ဇီရန်သည် စိတ်သက်သာရာရစွာဖြင့် သူ့ကုတင်ပေါ်ပြန်လှဲချလိုက်ပြီး စိတ်မကောင်းဖြစ်မိပြန်သည်။ " မင်းက ကိုယ့်စိတ်ကိုယ်မသိသေးဘူးပေါ့.. တစ်ဝက်ကကျတော့ သူ့ကို တွန်းထုတ်လိုက်ပြီး နောက်တစ်ဝက်ကကျတော့ သူ့ကို ပြန်ဆွဲထားတယ်ပေါ့လေ၊ဟုတ်ပါတယ်... ညတုန်းက လရောင်က အရမ်းလှနေတာကိုပဲ အပြစ်တင်လိုက်မယ်... မင်းကိုတော့ အပြစ်မတင်တော့ပါဘူး"

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now