Chapter (70)

943 195 6
                                    

Chapter (70)
Act 9: The Secret That Cannot Be Told (4)
ငါ Pirouette ကလိုက်တဲ့အခါတိုင်း ငါ့အကြည့်တွေရဲ့ဦးတည်ရာက အမြဲတမ်းမင်းဆီကိုပဲပေါ့

အသံသရုပ်ဆောင်များသည် သာမန်ကော်လံအဖြူလေးပါသော ရုံးဝတ်စုံများဝတ်ရသည့် ရုံးဝန်ထမ်းများကဲ့သို့မဟုတ်ဘဲ အလုပ်ချိန်ဟူ၍ အတိအကျမရှိပေ။ အလုပ်မရှိသရွေ့ ကုမ္ပဏီသို့လူကိုယ်တိုင်မရောက်လာလည်းဖြစ်သလို မိမိနှင့်သက်ဆိုင်သည့်အလုပ်ရှိမှသာ အသံသွင်းစတူဒီယိုထဲသို့ အသံဝင်သွင်းပြီး ပြန်ရခြင်းဖြစ်သည်။ ရက်အတော်ကြာ အလုပ်မရှိပါက ကုမ္ပဏီကိုတောင် ခွင့်တင်ရန်မလိုအပ်ပေ။

သို့သော်လည်း ကုမ္ပဏီပိုင်ရှင်ဖြစ်သည့်ထန်ယီမင်ကတော့ အမြဲတမ်းလိုလို လုံ့လဝီရိယရှိရသည်။ သူ့အတွက် အသံသွင်းစရာအလုပ်မရှိလျှင်တောင် စီမံခန့်ခွဲရေးအလုပ်တချို့လုပ်ရန် ကုမ္ပဏီသို့ စောရောက်နေတတ်သည်။

သို့သော် လွန်ခဲ့သောနှစ်ပတ်ခန့်မှစ၍ ခေါင်းဆောင်ထန်သည် အလုပ်သို့ နောက်ကျမှရောက်လေ့ရှိကြောင်း ကုမ္ပဏီကောင်တာမှဝန်ထမ်းကောင်မလေးက တွေ့ရှိသွားခဲ့သည်။

အရင်ကတော့ မနက်ကိုးနာရီဆိုသည်နှင့် ကုမ္ပဏီတွင်ပေါ်လာလေ့ရှိသော်လည်း မကြာသေးခင်ကစလို့ ၁၀ နာရီထိုးခါနီးမှသာ ကုမ္ပဏီအပေါက်ဝသို့ရောက်လေသည်။

ကုရန်က အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသဖြင့် ထန်ယီမင်ကိုမေးမြန်း၏။ "မင်း အခုတလော ကောင်းကောင်းမအိပ်ရဘူးလား?? အိပ်ယာထနောက်ကျတယ်ဆိုရင်တောင် မင်းအိမ်နဲ့ကုမ္ပဏီက ဝေးမှမဝေးတာကွာ... နာရီဝက်လောက်ဆိုတာနဲ့ ရောက်ရမယ့်ဟာကို"

"ဪ... ငါ့အိမ်ငှားကကျတော့ အိမ်နဲ့သူ့အလုပ်နဲ့က နည်းနည်းဝေးတယ်။ အိမ်ရှေ့မှာ မြေအောက်ရထားဘူတာရုံရှိပေမယ့် ရထားပေါ်ရောက်ရင်တော့ နေရာရဖို့မလွယ်ဘူးလေ၊ ဘတ်စ်ကားကျတော့လည်း သုံးစီးပဲရှိတယ်... ငါ့အလုပ်ကကျ အရမ်းလည်းအချိန်မှီရောက်စရာမလိုတော့ သူထိုင်ခုံရလောက်မယ့်ဘူတာရုံထိ လိုက်ပို့ပေးဖြစ်တာ"

ပြဿနာမှာ ဘူတာရုံက သူ့အိမ်နှင့်မနီးမဝေးတွင်ရှိသော်လည်း နေရာရနိုင်သည့်ဘူတာရုံဆီရောက်ရန်ကိုတော့ လမ်းကြောင်းပတ်နေသဖြင့် မိနစ်နှစ်ဆယ်လောက် မောင်းပို့ရခြင်းဖြစ်သည်။ ထို့ကြောင့်သာ အချိန်မကြာသင့်ဘဲ ကြာနေရခြင်းပင်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now