Chapter (26)

830 198 14
                                    

Chapter (26)

Act 4 : Billy Elliot (7)

" ဟဲလို ကိုယ်ပြောတာ ရှင်းရှင်းလင်းလင်း ကြားရလား?? "

အသံခေါ်ဆိုမှုကို ချိတ်ဆက်သွားသောအခါ ရှန်းချိုက်သည် ရုတ်တရက် သူဘာပြောရမည်ကို မသိတော့ပေ။

သူ့နား,နား၌ ပူထူနေသောဖုန်းတစ်လုံးကို ကြောင်စီစီဖြင့်သာ ကိုင်ထားမိသည်။

ဖုန်းထဲမှ သူ့နတ်ဘုရားကြီး၏အသံကို ကြားနေရ၏။

"ဟေး. . . ခန့်မှန်း၊ ဘာဖြစ်နေတာလဲ??"  ဝမ်ချင်းယွမ်၏အသံသည် အလွန်နိမ့်ပြီး သာယာကြည်နူးဖွယ်ကောင်းလေသည်။ ရေဒီယိုလှိုင်းများမှတစ်ဆင့် ဖြတ်သန်းလာရသည့်တိုင် သူ့အသံထဲရှိ နူးညံ့မှုကို မဖုံးကွယ်နိုင်ပေ။ " ဒါက မင်းရဲ့စာလေ့လာမှုကြောင့်၊ မိသားစုကြောင့် ဒါမှမဟုတ် တစ်ခြားအရာကြောင့်လား?? "

" ... " ကောင်လေး၏ လည်ဇလုပ်မှာ အနည်းငယ်ရွေ့လျားသွားပြီး "အရာအားလုံးကြောင့် " ဟု တိုးတိုးလေး ပြောလိုက်မိသည်။ " ကျွန်တော့်ဘဝက ရှုပ်ထွေးနေတာ "

"စိတ်မပူပါနဲ့" ထိုလူက ပြန်နှစ်သိမ့်ပေးလေသည်။  " အရာအားလုံးက ရှုပ်ထွေးနေရင်တောင် အဲ့ဒီ့အရှုပ်အထွေးတွေရဲ့ အစကိုရှာကြည့်လိုက်၊  'အရှုပ်အထွေးရဲ့အစွန်အဖျား' ကို မင်းတွေ့နေသရွေ့ တစ်ဆင့်ပြီးတစ်ဆင့် ​မှန်မှန်ကန်ကန်လုပ်လိုက်ရင် အရာအားလုံး ပိုရှင်းသွားလိမ့်မယ် "

အရှုပ်အထွေးရဲ့ အစွန်အဖျား ...

ရှန်းချိုက်၏မျက်တောင်များ လှုပ်ရှားသွားပြီး မျက်လုံးများသည်တော့ သူ့ခြေထောက်ပေါ်သို့ ကျဆင်းလာသည်။

သူသည် ' အရှုပ်အထွေး၏ အစွန်အဖျား' နေရာကို အမြဲသိ၏။ သို့သော် ဤအစွန်အဖျားသည် မဖြေရှင်းနိုင်သော ချည်မျှင်တစ်ခုဖြစ်သည်။  လူတိုင်းကလည်း ဒါကို လျစ်လျူမရှုနိုင်လောက်အောင် ဒါကြီးက ထာဝရတည်ရှိနေသည်။

တစ်ခါတစ်ရံတွင် ရှန်းချိုက်တွေးမိသည်။ ကားမတော်တဆမှုက သူ့ကိုဘာလို့များ တိုက်ရိုက်မခေါ်သွားရတာလဲ?? သူ့ခြေထောက်ကို ယူသွားတာထက် သူ့အသက်ကိုယူသွားတာကမှ ပိုကောင်းဦးမယ်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now