Chapter (21)

859 210 26
                                    

Chapter (21)

Act 4 : Billy Elliot (2)
သွေးသံတရဲရဲဖြစ်နေသော ကျောက်စရစ်လမ်းပေါ်ရှိ အလွန်ရှည်လျားသောသွေးစွန်းရာကြီးနှစ်ကြောင်း

ရှန်းချိုက် စိတ်လှုပ်ရှားသွားသော်လည်း စက္ကန့်အနည်းငယ်အကြာတွင် သူ့စိတ်အားထက်သန်မှုသည် လျင်မြန်စွာ ပြန်လည်မှေးမှိန်သွားသည်။

ထို့နောက် သူက ပျင်းရိလေးတွဲ့စွာဖြင့် " Out of My World အတွက် အမျိုးသားဇာတ်ဆောင်ရွေးတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ?? အမျိုးသားဇာတ်ဆောင်က အသက် ၁၁ နှစ်ပဲ ရှိရမှာလေ၊ ငါတို့ကျောင်းက မင်းသားတစ်ယောက် သူတို့ရွေးမယ်ဆိုရင်တောင် ပထမနှစ်တွေထဲက တစ်ယောက်လောက်ပဲ ရွေးလိမ့်မယ် "

သူသည် Out of My World ကို အကြိမ်များစွာ ကြည့်ရှုခဲ့ဖူးပြီး ဇာတ်ကြောင်းတော်တော်များများကို ရွတ်ဆိုနိုင်ရုံတင်မက ပါဝင်သော ဂန္ထဝင်သီချင်းအချို့ကိုလည်း သီဆိုနိုင်သည်။

ထိုပြဇာတ်၌ ငယ်ရွယ်သေးသောဘီလီသည် သူ့အဖေကိုပုန်ကန်ကာ ပထမဆုံးအကြိမ်အဖြစ် ဘဲလေးဖိနပ်ကို ၀
တ်ဆင်ခဲ့ပြီး ဘဲလေးအကဘားတန်းတွင် ကိုယ်ဟန်အမျိုးမျိုးပုံဖော်ခဲ့သည်။ရှန်းချိုက်အမြင်တွင် ဒီပြဇာတ်သည် သူ့ဘဝဇာတ်ကြောင်းနှင့်လည်း အတော်လေးဆင်တူသည်ဟု ထင်မိသည်။

သူချစ်သည့်အရာကိုသင်ယူရင်း ထုတ်ဖော်ပြသကာ ထိုအရာကို ပေါင်းစပ်လုပ်ကိုင်နိုင်မည်အထင်ဖြင့် ရှန်းချိုက်သည် အဓိကသရုပ်အဖြစ် ပါဝင်လိုသော်လည်း သူ့လက်ရှိအသက်မှာ ၁၇ နှစ်ဖြစ်ကာ ပြဇာတ်ထဲကဇာတ်ကောင်ထက် အသက်ခြောက်နှစ် ကြီးနေလေသည်။

သို့သော် အကယ်၍ လွန်ခဲ့သော ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့်အချိန်ကိုပြန်သွားရပြီး ဤအခွင့်အရေးကို တစ်စုံတစ်ယောက်ကသာ သူ့အသက် ၁၁ နှစ် ၁၂ နှစ်အရွယ်တွင် ပေးခဲ့ပါက သူလက်လွှတ်ရမည်မဟုတ်ပေ။

သူတို့နောက်တန်းတွင်ထိုင်နေသော ချန်ဇီရန်သည် ရှန်းချိုက်၏ပြောစကားကို ကြားသည်နှင့် ချက်ချင်းပင် ရှေ့သို့အမြန်​တိုးလာ၏။

သူသည် ရှန်းချိုက်၏ပုခုံးကို နောက်ကျောဘက်မှ လှမ်းဆွဲလိုက်ပြီး စိတ်အားထက်သန်နေသောအသံဖြင့် ပြောလာ၏။ "မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး! ဒီတစ်ခေါက်က မူရင်းဇာတ်လမ်းကို ပြန်ရိုက်တာမဟုတ်ဘူး၊ ဒါပေမယ့် သူတို့က အရမ်းကြီးကြီးမားမားကြီးလည်း မလွဲစေချင်ဘူးလေ၊ ဒါရိုက်တာက ဇာတ်လမ်းတစ်ခုလုံးကို ရွှေ့ချင်နေတာ. . . တစ်ကယ့်ဇာတ်လမ်းရဲ့ ၁၉၈၀ ပြည့်လွန်နှစ်အတွင်းက ဗြိတိန်ရဲ့မိုင်းလုပ်သားသပိတ်ကနေ ၁၉၉၀ ခုနှစ် တရုတ်နိုင်ငံရဲ့ အလုပ်လက်မဲ့ဖြစ်မှုများဆီကို ပြောင်းထားတာ၊ ဇာတ်လမ်းထဲက အကိုကြီးနေရာမှာ အစ်မဖြစ်လာပြီး အဓိကသရုပ်ဆောင်ရဲ့အသက်က " ချန်ဇီရန်၏အသံမှာ တဖြည်းဖြည်းပိုကျယ်လာသည်နှင့်အမျှ သူ့စကားပြောသံသည်လည်း ပိုမိုမြန်ဆန်လာသည်။ " အဓိကမင်းသားရဲ့အသက်က ၁၅ နှစ်လို့ ပြောင်းလိုက်ပြီ !!! ရှန်းချိုက် မင်းမှာ မျှော်လင့်ချက်ရှိသေးတယ် "

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now