Chapter (62)

856 177 5
                                    

Chapter (62)

Act 8: The Cat Who Wants to Become Human (6)
ထိုအချိန်လေးတွင် ရှန်းချိုက်သည် သူ့ကိုယ်သူ လွန်ခဲ့သောငါးနှစ်ကို  ပြန်သွားခွင့်ပြုလိုက်၏။

ရှန်းချိုက်ကတော့ ထပ်ခါတလဲလဲ  ပြန်ရှင်းပြနေမိသည်။ "တကယ်လား?? ဒါက တကယ်ကို 'ငါနင့်ကို ချစ်တယ်' လို့ အဓိပ္ပာယ်ရတာလား??"

ကောင်မလေးကလည်း ခေါင်းတညိတ်ညိတ်ဖြင့် “ဒါ ညီမရဲ့ မိခင်ဘာသာစကားလေ... ညီမ မမှားပါဘူး”

"..."

ကောင်မလေး၏ပုံစံမှာ တကယ်ကိုတိကျသေချာနေသောကြောင့် ရှန်းချိုက်စိတ်ထဲ၌  ပိုပိုရှုပ်ထွေးလာတော့သည်။

သူသည် လက်မလျှော့ဘဲ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထပ်မေးလိုက်၏။ " ဒီစာကြောင်းကို အစ်ကိုရေးထားတာ စုတ်ချက်မှားသွားလို့များ 'ထာဝရ သူငယ်ချင်း' ကနေ 'ငါနင့်ကို ချစ်တယ်' ဆိုပြီး ပြောင်းသွားတာလား??"

ကောင်မလေးက စကားဆက်မပြောတော့သော်လည်း သနားစရာ၊ ဝမ်းနည်းစရာ ခံစားချက်အနည်းငယ်ဖြင့် သူ့ကိုကြည့်နေခဲ့လေသည်။

ရှန်းချိုက်၏ ထပ်ခါတလဲလဲ မေးခွန်းထုတ်နေမှုသည် မိမိကိုယ်ကိုလှည့်စားခြင်းမှတပါး  အခြားမဟုတ်ကြောင်း သူတို့နှစ်ယောက်စလုံး  သိနေကြ၏။

သူ့လက်ထဲရှိ လက်မှတ်ထိုးစာရွက်လေးကို စိုက်ကြည့်နေမိစဥ် ထိုစကားများက အတောင်ပံများပေါက်ကာ အလိုလိုပြောင်းလဲသွားပြီး နောက်ဆုံးတွင်တော့ ဝိုင်းစက်နေသောမျက်နှာလေးဖြင့် ပြုံးနေသောမိန်းကလေးတစ်ဦး၏မျက်နှာအတိုင်း သူ့ရှေ့တွင်ပေါ်လာလေသည်။

လွန်ခဲ့သည့်ငါးနှစ်ခန့်က ပထမဆုံးအကြိမ်အဖြစ် သူစာသင်ခန်းထဲကိုဝင်ခဲ့သည့်အချိန်အား ရှန်းချိုက်သတိရမိသည်။ သူမကြောင့် အွန်လိုင်းအသံသွင်းလောကထဲသို့ ရောက်ရှိသွားခဲ့ပုံ၊ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ချိန်များ၌ တိတ်တိတ်လေး စကားစမြည်ပြောခဲ့ကြပုံများကို ပြန်စဥ်းစားမိသည်။

သူလျစ်လျူရှုထားမိခဲ့သော သဲလွန်စများသည် ရုတ်တရက်ဆိုသလို ရှင်းရှင်းလင်းလင်း သိသာထင်ရှားလာ၏။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now