Chapter (19)

888 207 12
                                    

Chapter (19)

Act 3 : Rachmaninoff (6)
ဘဲလေးအက ကတတ်တဲ့ Tchaikovsky!

ကောင်းကင်ပေါ်မှ ဘာဂါကြီးက ရှန်းချိုက်ပေါ်ပြုတ်ကျလာခဲ့သည်ပင်။ သူလေးစားရတဲ့ နတ်ဘုရားကြီးက သူ့ကိုယ်တိုင် သူ့ကိုကူညီပေးဖို့ ကမ်းလှမ်းလာလိမ့်မယ်လို့ ဘယ်တုန်းကမှ သူ မထင်ထားခဲ့ဘူး. . .

လက်ရှိ သူ့အိပ်ဆောင်ထဲတွင်ရှိနေသော အခန်းဖော်သုံးယောက်ကြောင့်သာ မဟုတ်ပါက သူ့ပျော်ရွှင်မှုကိုထုတ်ပြရန် ရှန်းချိုက်တစ်ယောက် ​အော်ဟစ်နေလောက်ပြီဖြစ်သည်။

သူ့ပါးစပ်ကို လက်ဖြင့်အုပ်ထားလိုက်ကာ ခြေတံရှည်နှစ်ချောင်းကတော့ လေထဲတွင်ခုန်ပေါက်နေ၏။

အိပ်မပျော်သေးသော အခန်းဖော်သည် အမှောင်ထဲရှိ ရှန်းချိုက်ကိုတွေ့သွားကာ အံ့သြသွားတော့သည်။

" ရှန်းချိုက် မင်းဘာလုပ်နေတာလဲ"

" ... " ရှန်းချိုက် သူ့ခြေထောက်တွေကို မြန်မြန်ပြန်ချလိုက်ပြီး " ငါစက်ဘီးစီးလေ့ကျင့်ခန်း လုပ်နေတာလေ" ဟု လိမ်ပြောလိုက်၏။

" မင်းတကယ် အလုပ်ကြိုးစားတာပဲ " ထိုအခန်းဖော်က တောင့်တောင့်တတဖြင့် " ညပိုင်းလေ့ကျင့်ခန်းတွေတုန်းက မင်းခြေထောက်တွေ ဆန့်ကားထားနိုင်တာ ငါမြင်ခဲ့သေးတယ်၊ ငါလည်း ဘယ်အချိန်များမှ မင်းလိုပျော့ပြောင်းနိုင်မှာလဲ?? "

" အဲ့ဒါ မင်းရဲ့နောင်ဘဝလောက်မှပေါ့  " ရှန်းချိုက်ကတော့ ရိုးသားစွာပြန်ပြောနေခဲ့သည်။ " မင်းသာ အခုချိန်မှာကန့်လန့်ဖြတ်ခွဲကြောင်းအနေအထားကို မဆန့်ထုတ်နိုင်ရင် ဘယ်တော့မှ ငါ့လိုပျော့ပြောင်းလာမှာ မဟုတ်တော့ဘူး "

" ... " အခန်းဖော်သည် အသံတိတ်သွားပြီးနောက် စောင်ကိုခေါင်းမြီးခြုံကာ  ပြန်အိပ်သွားတော့သည်။

ရှန်းချိုက် : ... ?  သူဘာ​လို့ ဒီလောက်ရိုင်းစိုင်းရတာလဲ?? ငါ့ကို ကောင်းသောညပါလို့တောင် မပြောသွားဘူး . . .

. . . . . . . . . . . .

နောက်တစ်နေ့ နံနက်စောစောတွင် ရှန်းချိူက်သည် အသံသွင်းဆရာထံမှ အသံသွင်းစက်များ အားရပါးရသွားငှားလေသည်။ သူသည် ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်နေသောကြောင့် ဆရာကလည်း မဆိုင်းမတွပင် စာသင်ခန်းသော့ပေးလိုက်ပြီး ညဘက်လေ့ကျင့်ခန်းအချိန်တွင် ပြုလုပ်ရန် ခွင့်ပြုပေးလိုက်သည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now