Chapter (84)

855 161 4
                                    

Chapter (84)
ပိတ်ကားချ: Fame the Musical (1)
သေချာတာပေါ့၊ သူ့ချစ်သူလေး ပိုနာမည်ကြီးလာတာနဲ့အမျှ သူ့မှာ အချစ်ပြိုင်ဖက်တွေပိုများလာတာပဲ!!

တေးဂီတပြဇာတ်အတွက် ရန်ပုံငွေမှာ အကန့်အသတ်ရှိသောကြောင့် 'သန်းခေါင်ယံနေမင်းအား စောင့်စားခြင်း' အတွက် မြေပြင်ကွင်းဆင်းပရိုမိုးရှင်းကို ခဲယဉ်းစွာလုပ်ဆောင်ခဲ့ရပြီး ပရိုမိုးရှင်းအကြောင်းအရာအများစုကို အင်တာနက်ပေါ်တွင်သာ မှီခိုထားရသည်။ ပြဇာတ်၏ တရားဝင် Weibo အကောင့်တွင် ပရိသတ်ရာဂဏန်းမျှသာရှိသော်လည်း ပြင်ပအသုံးပြုသူများကို ကြော်ငြာနိုင်ရန်အတွက်တော့ လုပ်ငန်းသုံး Public အကောင့်များနှင့် ကောင်းစွာချိတ်ဆက်ထားလေသည်။

အနည်းငယ်တော့ သနားစရာကောင်းသော်လည်း တကယ်တော့ ဒါသည် ပြည်တွင်းတေးဂီတပြဇာတ်အများစု ရင်ဆိုင်နေရသော အကျပ်အတည်းတစ်ခုသာဖြစ်သည်။

ပထမဆုံးဖျော်ဖြေပွဲတွင် ထိုင်ခုံ ၃၂၀ ၏ ထက်ဝက်ခန့်ကိုသာ လက်မှတ်ရောင်းချနိုင်ခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ လူထုဆက်ဆံရေးအတွက်အသုံးပြုကာ ပရိုမိုးရှင်းဆင်းရင်း အတွင်းလူများကိုသာ ကြည့်ရှုရန်ဖိတ်ခေါ်ခဲ့ရသည်။ ကောလိပ်ကျောင်းသားများအား ဤဖျော်ဖြေပွဲအတွက် ဈေးဗန်းခင်းပေးသူများဖြစ်လာစေရန် မျှော်လင့်ထားသောကြောင့် အနီးတစ်ဝိုက်ရှိ ကောလိပ်များနှင့် တက္ကသိုလ်များစွာသည် ဒါဇင်နှင့်ချီသောလက်မှတ်များစွာကို ရရှိခဲ့၏။

အဖွဲ့သားအားလုံး၏ ပြင်းပြသောမျှော်လင့်ချက်များဖြင့် 'သန်းခေါင်ယံနေမင်းအား စောင့်စားခြင်း'သည် နောက်ဆုံးတွင်တော့ ပရိသတ် ၃၂၀ ၏ မျက်စိရှေ့၌ စင်မြင့်ထက်သို့ ရောက်လာခဲ့ပြီပင်။

...

ထိုညမှာပဲ ပရိသတ်များမှ Live လွှင့်ပေးသည့် ဗွီဒီယိုပထမလှိုင်းက လူမှုကွန်ရက်စာမျက်နှာများ၌ တိတ်တဆိတ်ပေါ်လာ၏။

ထို့အပြင် ဂီတအသိုင်းအဝိုင်းရှိ နာမည်ကြီးဒါရိုက်တာထန်းဖန်းယွီနှင့် ရွှေတံဆိပ်အဆင့်ပရိုဂျူဆာ စုန့်လင်းတို့က သူတို့၏ Friend Circle များတွင် ကောင်းမွန်သောသုံးသပ်ချက်များကိုပို့စ်တင်ရင်းဖြင့် ဦးဆောင်ကြလေသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now