Chapter (66)

860 189 15
                                    

Chapter (66)
Act 8: The Cat Who Wants to Become Human (10)
လမ်းခွဲခြင်း

ကောင်လေး၏ ရိုးသားဖြူစင်သောနှလုံးသားလေးမှာ ထိုလေးထောင့်ဘူးငယ်လေးပေါ်တွင် မူတည်နေ၏။

ထိုဘူးလေးကို ရှန်းချိုက်ကြည့်မိစဥ်တွင် ချိုမြိန်လှသော သကြားလုံးလေးအဖြစ်သာမက ထိုသကြားလွှာအောက်တွင်ရှိနေသော သူ မပေးနိုင်သည့် ကတိသစ္စာများကိုပါ တွေ့လိုက်ရသည်။

ပတ်ဝန်းကျင်ရှိလူတိုင်းကလည်း အားပေးအော်ဟစ်နေကြ၏။ "လက်ခံလိုက်!! လက်ခံလိုက်!!"

ပြုံးရွှင်နေသောမျက်နှာများက ရှန်းချိုက်အားဝန်းရံထားကြသည်။ သူတို့အားလုံးနောက်တွင် နံရံအကြီးကြီးရှိနေပြီး ' ရင်းနှီးမှုက ပထမ၊ ယှဥ်ပြိုင်ခြင်းက ဒုတိယ ' ဟူသည့် အနီရောင်ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားကာ ပြည်နယ်အသင်းမှ  စီနီယာများအား ယခုနှစ်ဘွဲ့ရများကို လမ်းညွှန်မှုပေးနိုင်ရန် ကြိုဆိုထားကြသည်။

အားကစားရုံတစ်ခုလုံးတွင် လူအနည်းငယ်သာရှိနေသေးသော်လည်း ပျံ့နှံ့နေလျက်ရှိသော စိတ်အားထက်သန်မှုက အပြည့်ဖြစ်နေ၏။

ဤစိတ်အားထက်သန်မှုများကြောင့် ရှန်းချိုက်လည်း ပူလောင်နေရသည်။

ငွေရောင်တောက်နေသော သော့တွဲလေးကိုစိုက်ကြည့်ရင်း ရှန်းချိုက်စိတ်ထဲ၌ အသံတစ်ခုထွက်လာ၏ - လက်ခံလိုက်! သူ့ကို လက်ခံပေးလိုက်!! စန်မန်ချွမ်ကို လူအများကြီးရှေ့မှာ  မျက်နှာပျက်စေချင်နေတာလား?? ဒီလို သူ့အတွက်အရေးကြီးတဲ့အချိန်မျိုးမှာ မင်းဆီကနေ ကတိတစ်ခုတောင်းဖို့ သူရွေးချယ်ထားတာလေ... သူ မင်းကို ဘယ်လောက်တန်ဖိုးထားလဲမတွေ့ဘူးလား?? သူက မင်းကို မချစ်တာမဟုတ်ဘူး၊ သူက နည်းလမ်းအမှားတွေကို သုံးမိနေတာပါ... အခု သူ ငယ်သေးလို့ပါ၊ မင်းတို့ တစ်သက်လုံး အတူနေသွားလို့ရတယ်...

ထိုသတိပေးသံများကြောင့် ရှန်းချိုက်စိတ်မှာ မတည်မငြိမ်ဖြစ်နေ၏။

ရှန်းချိုက် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်များက ငွေဖြူရောင်သော့နှင့် နီးကပ်လာသည်နှင့်အမျှ စန်မန်ချွမ်၏မျက်လုံးထဲရှိ အလင်းရောင်ကလည်း ပိုမိုတောက်လဲ့လာသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now