Spoiler (1)

14.4K 268 3
                                    

ကောင်းကင်ပြင်မှာ နေသာ နေရာမှ ချက်ချင်းဆိုသလို တိမ်ညိုတို့က အုံ့မှိုင်းလို့လာသည်။ အိမ်ကြီးရှင်မိသားစုက ကာရာအိုကေ အခန်းထဲမှာ ငြိမ်နေသည်မို့ ဧည့်သည်ဖြစ်တဲ့ ရောင်နီဝန်းကပဲ တံခါးတွေလိုက်ပိတ်ရသည်။

မိုးသံမစဲ ကြားရတဲ့ ဒီအရပ်မှာ မိုးအုံ့လာပြီးလျှင် မိုးအော်သံနှင့် အတူ ချက်ချင်းဆိုသလို မိုးရေတို့က သွန်ချလာတတ်စမြဲ...

Ring Ring Ring...

ပြတင်းပေါက်တံခါးတို့ကို ခဏထားခဲ့လိုက်ပြီးနောက်မှာတော့ TVစင်မှာတင်ထားသည့် လက်ကိုင်ဖုန်းကို ကောက်ယူလိုက်သည်။ ဖုန်းမှန်ပြင်ကို လက်နှင့်တို့ထိမိတော့ ပေါ်လာတဲ့ပုံက တောင်တန်းပုံဖြစ်နေသည်မို့ အကွေးရဲ့ဖုန်းဆိုတာကို အဝန်းသိလိုက်သည်။

နာမည်မမှတ်ထားတဲ့ Callမို့ ရောင်နီဝန်း ဖုန်းကိုကောက်ကိုင်လိုက်သည်။

"Hello..."

"Hello။ ကိုစန္ဒသော်ကအောင်ရဲ့ အိမ်ကလား မသိဘူးရှင်။ ကိုစန္ဒသော်ကအောင်ကလေ မနက်က လေယာဥ်စက်ယိုယွင်းမှုကြောင့် ကျွန်မတို့ဆေးရုံမှာ ရောက်နေပါတယ်"

"ဗျာ..."

ရောင်နီဝန်းမှာ ရုတ်သေးကြိုးပြတ်သွားသလိုပင်။

"အကွေး"

အဝန်းရဲ့အသံဟာ ဗို့အား တစ်သောင်းအထက်မှာရှိသည်မို့ ချက်ချင်းပဲ အိမ်ပေါ်ကနေ ပြေးဆင်းလာသူက ဆံနွယ်တလွင့်လွင့်နှင့်ဖြစ်သည်။


_____________________

Zawgyi....

ေကာင္းကင္ျပင္မွာ ေနသာ ေနရာမွ ခ်က္ခ်င္းဆိုသလို တိမ္ညိဳတို႔က အုံ႔မႈိင္းလို႔လာသည္။ အိမ္ႀကီးရွင္မိသားစုက ကာရာအိုေက အခန္းထဲမွာ ၿငိမ္ေနသည္မို႔ ဧည့္သည္ျဖစ္တဲ့ ေရာင္နီဝန္းကပဲ တံခါးေတြလိုက္ပိတ္ရသည္။

မိုးသံမစဲ ၾကားရတဲ့ ဒီအရပ္မွာ မိုးအုံ႔လာၿပီးလွ်င္ မိုးေအာ္သံႏွင့္ အတူ ခ်က္ခ်င္းဆိုသလို မိုးေရတို႔က သြန္ခ်လာတတ္စၿမဲ...

Ring Ring Ring...

ျပတင္းေပါက္တံခါးတို႔ကို ခဏထားခဲ့လိုက္ၿပီးေနာက္မွာေတာ့ TVစင္မွာတင္ထားသည့္ လက္ကိုင္ဖုန္းကို ေကာက္ယူလိုက္သည္။ ဖုန္းမွန္ျပင္ကို လက္ႏွင့္တို႔ထိမိေတာ့ ေပၚလာတဲ့ပုံက ေတာင္တန္းပုံျဖစ္ေနသည္မို႔ အေကြးရဲ႕ဖုန္းဆိုတာကို အဝန္းသိလိုက္သည္။

နာမည္မမွတ္ထားတဲ့ Callမို႔ ေရာင္နီဝန္း ဖုန္းကိုေကာက္ကိုင္လိုက္သည္။

"Hello..."

"Hello။ ကိုစႏၵေသာ္ကေအာင္ရဲ႕ အိမ္ကလား မသိဘူးရွင္။ ကိုစႏၵေသာ္ကေအာင္ကေလ မနက္က ေလယာဥ္စက္ယိုယြင္းမႈေၾကာင့္ ကြၽန္မတို႔ေဆး႐ုံမွာ ေရာက္ေနပါတယ္"

"ဗ်ာ..."

ေရာင္နီဝန္းမွာ ႐ုတ္ေသးႀကိဳးျပတ္သြားသလိုပင္။

"အေကြး"

အဝန္းရဲ႕အသံဟာ ဗို႔အား တစ္ေသာင္းအထက္မွာရွိသည္မို႔ ခ်က္ခ်င္းပဲ အိမ္ေပၚကေန ေျပးဆင္းလာသူက ဆံႏြယ္တလြင့္လြင့္ႏွင္

လွမ်းလို့ တသသ / လြမ္းလို႔ တသသ (Completed)Where stories live. Discover now