အပိုင်း (၅၅)

1.2K 63 47
                                    

"သော်....."

တိုးညှင်းနေသော ခေါ်သံကြောင့် ကျွန်တော်သတိထားမိလိုက်တော့ အကိုဟာ နံရံဘက်သို့ ဝင်လုတော့မည်။ အတင်းအကျပ်မဟုတ်သော်လည်း မွတ်မွတ်သိပ်သိပ်နဲ့ တိုးကပ်ပြီး နမ်းနေတာက အကို့လည်တိုင်တွေကိုဖြစ်၏။

ကျွန်တော့်လက်ချက်ဖြင့် လှစ်ဟာနေတဲ့အကို့ရင်ဘက်မှာလည်း ကျွန်တာ့်လက်ရာအနီကွက်တို့က ထင်ရှားစွာနဲ့ လိုက်ဖက်လွန်းနေသည်။ သတိလက်လွှတ်နဲ့ ထိုသို့ ပြုမူလိုက်သည်ကြောင့် ကျွန်တော့်မှာထူပူစွာနဲ့ အကို့ထံကို မဝံ့မရဲလေးကြည့်လိုက်သည်။

အကိုများ ကျွန်တော့်ကိုစိတ်ဆိုးသွားလေမလား လို့တွေးပြီး တောင်းပန်ဖို့ရန် စကားစလိုက်တော့..
"ကျွန်တော်.." ဆိုသည်မှလွဲ တခြားထွက်မလာပဲဖြစ်နေသည်။

"မဟုတ်ဘူး သော်၊ နည်းနည်းလောက် ခွာပေးလို့ ရမလား မေးချင်ရုံပဲ။ ကိုယ်အသက်ရှူရခက်နေလို့..."

ကျွန်တော့်နဲ့ နံရံကြားမှာ အကိုတစ်ယောက် အသက်ရှူရခက်နေသည်မှာ မှန်သည်။ ထို့ကြောင့် ကျွန်တော့်ဘက်က အနည်းငယ်လေးခွာပေးလိုက်သည်။ သို့သော်လည်း အကို့ပခုံးတို့ကို ဆုပ်ကိုင်ထားသည့်ကျွန်တော့်လက်တို့ကိုတော့ ဖယ်ခွာလို့ မပေးမိ။

"ကျွန်တော်..ကျွန်တော် အကို့ကိုနမ်းချင်သေးတယ်။"

လိုချင်မှုနဲ့ တပ်မက်စိတ်တို့ကို မျက်နှာလေး ငယ်ပြကာ တောင်းဆိုမိတော့ အကိုက...
"ဒါဆိုလည်း နမ်းလေ..."

အပြောနဲ့အတူ ကြည်ဖြူစွာနဲ့ကျွန်တော့်အနမ်းတို့ကို လက်ခံပေးမည့်အကိုက မျက်လုံးလေးကို မှိတ်ထားပေး၏။

"အကို့ကို ချီဦးမယ်..."

ပြောပြောဆိုဆိုနဲ့ ကောက်ပွေ့ကာ ကျွန်တော့်ခါးတွင် ခြေချိတ်စေလိုက်တော့ အကိုကအံ့အားတကြီးနဲ့ မျက်လုံးဖွင့်လာလေသည်။ ဒီအခြေအနေကို ကြောက်ရွံ့နေသည့် အကို့ပုံစံကြောင့်...
"အကို ပြုတ်မကျစေရပါဘူး။ နမ်းပါ ကျွန်တော့်ကိုနမ်းလိုက်ပါ..."

ပြောပြီး မျက်နှာကို အပေါ်မော့ပေးလိုက်တော့ နဂိုတည်းက ကျွန်တော့်ထက်အရပ်ရှည်သူသည် ယခုချီပွေ့ထားသည်ကြောင့် ကျွန်တော့်ထက် ခေါင်းတစ်လုံးမက ပိုမြင့်နေရာမှ မျက်နှာချောချောက ငုံ့ချလာပြီး လက်ချောင်းသွယ်သွယ်တို့က ကျွန်တော့်မေးရိုးတို့ကို ထိတွေ့လေသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now