Spoiler (2)

6K 149 8
                                    

"ကိုယ့်ကို လွတ်မြောက်ခွင့်ပေးမယ်မဟုတ်လား သော်"

ကန်ရေပြင်မှာ လေနှင့်အတူ ပါလာသော ရေလှိုင်းတို့အား မျက်တောင်မခတ်တမ်းကြည့်နေရင်းနဲ့ ကျွန်တော့်စိတ်တွေကို တည်ငြိမ်အောင်ကြိုးစားမိသည်။

"ကိုယ် တကယ်ပဲငြိမ်းချမ်းချင်ပြီ သော်ရယ်"

ဘေးတိုက်အနေအထားကနေ ကျွန်တော့်ကိုထပ်ပြောလာတဲ့ အကို့လေသံက တိုးရှိုးတောင်းပန်နေဟန်။ ဒီအရေးမှာ အကို့ဘက်က ကျွန်တော့်ဆီကနေ ခွင့်ပြုချက်တောင်းလို့နေသည်။

"သုံးချက်စည်သည် ၊ ကြေးစည်အလား။
ကျွန်တော့်နှလုံး ၊ သူမြတ်ထုံးဖို့
ရင်းပေးရမည်။"

စန္ဒသော်ကအောင်ရဲ့ အသံက ကြားခံလေနှင့်အတူ ရောင်နီဝန်းရဲ့ နားစည်သို့ ရိုက်ခတ်သွားသည်။ နားစည်မှတဆင့် အာရုံကြောအသွယ်သွယ်ဆီသို့၊ ထိုအရာများလွန်သော် ထိုသံကြားရကြောင်းကို အဝန်းရဲ့ခန္ဓာ တစ်ခုလုံးက ကြက်သီးမွှေးညှင်းများ ထ,ပြီး တုန့်ပြန်လေသည်။

"သော်ရယ်..."

ဘေးချင်း ယှဥ်ရပ်နေရာမှ ငဲ့ကြည့်လိုက်တော့ သော့်ပါးပြင်ဆီမှာ မျက်ရည်တွေစီးကျလို့နေသည်ကို မြင်လိုက်ရသည်။ ဒီမျက်ရည်တွေဟာ ကိုယ့်ကို အထပ်ထပ်တုပ်နှောင်မည့် ခိုင်မြဲလွန်းတဲ့ကြိုးတွေ။ ဒီကြိုးတွေ၊ ဒီပူလောင်မှုတွေကနေ ကိုယ်တော့ ရုန်းထွက်ချင်ပြီ။

သို့သော်လည်း သော့်ဘက်က ခွင့်ပြုလာမှပါ။

"မျက်စရည်ကြည်၊ ရွှန်းလဲ့ဝေသည်
တုပ်နှောင်သံကြိုး၊ ဤသို့မြဲဖွယ်
နှုတ်ဆံဖွင့်ဟ၊ ကြည်ဖြူပါမှ
လွတ်မြောက်မည်ဖွယ်။"

ကိုယ့်ရဲ့ ကဗျာသံအဆုံးမှာ သော်က ကိုယ့်လက်တစ်ဖက်ကို ဆုပ်ကိုင်လို့လာသည်။ အရင်ကအတိုင်း နွေးထွေးမပျက်တဲ့ သော့်ရဲ့အထိအတွေ့တွေ။
"သော်......."

"အကို"

ဤသို့ဖြင့် ဆွေးမြေ့နွမ်းလျနေသော အကြင်သူနှစ်ဦး၏ မျက်ဝန်းများသည် စကားတွေ အပြန်အလှန် ပြောနေကြသည်။ စကားလုံးတွေထက် ပိုလို့သေချာပါသော၊ ပိုလို့ရှင်းလင်းပါသော ဤအကြည့်တို့သည် အချိန်တော်တော်ကြာအထိ ရွေ့လျားဖယ်ရှားခြင်းမရှိပဲ ငြိမ်သက်နေကြသည်။

_________________________

Zawgyi....

"ကိုယ့္ကို လြတ္ေျမာက္ခြင့္ေပးမယ္မဟုတ္လား ေသာ္"

ကန္ေရျပင္မွာ ေလႏွင့္အတူ ပါလာေသာ ေရလႈိင္းတို႔အား မ်က္ေတာင္မခတ္တမ္းၾကည့္ေနရင္းနဲ႔ ကြၽန္ေတာ့္စိတ္ေတြကို တည္ၿငိမ္ေအာင္ႀကိဳးစားမိသည္။

"ကိုယ္ တကယ္ပဲၿငိမ္းခ်မ္းခ်င္ၿပီ ေသာ္ရယ္"

ေဘးတိုက္အေနအထားကေန ကြၽန္ေတာ့္ကိုထပ္ေျပာလာတဲ့ အကို႔ေလသံက တိုးရႈိးေတာင္းပန္ေနဟန္။ ဒီအေရးမွာ အကို႔ဘက္က ကြၽန္ေတာ့္ဆီကေန ခြင့္ျပဳခ်က္ေတာင္းလို႔ေနသည္။

"သုံးခ်က္စည္သည္ ၊ ေၾကးစည္အလား။
ကြၽန္ေတာ့္ႏွလုံး ၊ သူျမတ္ထုံးဖို႔
ရင္းေပးရမည္။"

စႏၵေသာ္ကေအာင္ရဲ႕ အသံက ၾကားခံေလႏွင့္အတူ ေရာင္နီဝန္းရဲ႕ နားစည္သို႔ ႐ိုက္ခတ္သြားသည္။ နားစည္မွတဆင့္ အာ႐ုံေၾကာအသြယ္သြယ္ဆီသို႔၊ ထိုအရာမ်ားလြန္ေသာ္ ထိုသံၾကားရေၾကာင္းကို အဝန္းရဲ႕ခႏၶာ တစ္ခုလုံးက ၾကက္သီးေမႊးညႇင္းမ်ား ထ,ၿပီး တုန္႔ျပန္ေလသည္။

"ေသာ္ရယ္..."

ေဘးခ်င္း ယွဥ္ရပ္ေနရာမွ ငဲ့ၾကည့္လိုက္ေတာ့ ေသာ့္ပါးျပင္ဆီမွာ မ်က္ရည္ေတြစီးက်လို႔ေနသည္ကို ျမင္လိုက္ရသည္။ ဒီမ်က္ရည္ေတြဟာ ကိုယ့္ကို အထပ္ထပ္တုပ္ေႏွာင္မည့္ ခိုင္ၿမဲလြန္းတဲ့ႀကိဳးေတြ။ ဒီႀကိဳးေတြ၊ ဒီပူေလာင္မႈေတြကေန ကိုယ္ေတာ့ ႐ုန္းထြက္ခ်င္ၿပီ။

သို႔ေသာ္လည္း ေသာ့္ဘက္က ခြင့္ျပဳလာမွပါ။

"မ်က္စရည္ၾကည္၊ ႐ႊန္းလဲ့ေဝသည္
တုပ္ေႏွာင္သံႀကိဳး၊ ဤသို႔ၿမဲဖြယ္
ႏႈတ္ဆံဖြင့္ဟ၊ ၾကည္ျဖဴပါမွ
လြတ္ေျမာက္မည္ဖြယ္။"

ကိုယ့္ရဲ႕ ကဗ်ာသံအဆုံးမွာ ေသာ္က ကိုယ့္လက္တစ္ဖက္ကို ဆုပ္ကိုင္လို႔လာသည္။ အရင္ကအတိုင္း ေႏြးေထြးမပ်က္တဲ့ ေသာ့္ရဲ႕အထိအေတြ႕ေတြ။
"ေသာ္......."

"အကို"

ဤသို႔ျဖင့္ ေဆြးေျမ့ႏြမ္းလ်ေနေသာ အၾကင္သူႏွစ္ဦး၏ မ်က္ဝန္းမ်ားသည္ စကားေတြ အျပန္အလွန္ ေျပာေနၾကသည္။ စကားလုံးေတြထက္ ပိုလို႔ေသခ်ာပါေသာ၊ ပိုလို႔ရွင္းလင္းပါေသာ ဤအၾကည့္တို႔သည္ အခ်ိန္ေတာ္ေတာ္ၾကာအထိ ေ႐ြ႕လ်ားဖယ္ရွားျခင္းမရွိပဲ ၿငိမ္သက္ေနၾကသည္။

လွမ်းလို့ တသသ / လြမ္းလို႔ တသသ (Completed)Where stories live. Discover now