"နင် ဘာရှာနေတာလဲဟင်..."
လွယ်အိတ်ထဲကို ခဏခဏကြည့်နေပါတဲ့ စန္ဒသော်ကအောင်အား ဘေးမှာထိုင်နေတဲ့ ပန်းသွဲ့သွဲ့အေးက မေးသည်။
"ဘာ ဘာမှမရှာပါဘူး။ ဒီတိုင်း..."
"ဘာကို ဒီတိုင်းတာလဲ။ ခဏခဏ လွယ်အိတ်ထဲကို ကြည့်ကြည့်နေတာ။ ဘာလဲ ရွှေတွေဘာတွေများထုတ်ပြီး ထည့်ခဲ့လို့လား။"
"မဟုတ်ပါဘူး...ဒီတိုင်းပါဆိုဟာ"
ဇွတ်အတင်း ငြင်းဆန်နေတော့လည်း ပန်းသွဲ့မှာ ဆက်ပြီး မမေးဖြစ်တော့ပါ။ သို့သော်လည်း သူမက ဒီကိစ္စကို ဒီတိုင်းမထားလိုက်ပဲ ထမင်းစားဆင်းချိန်မှာ သိမ့်သိမ့်စိုးမြင့်ထံသို့ တင်ပြ၏။
"ဒါဆို သူ့လွယ်အိတ်ကို ငါတို့ရှာကြမလား..."
သိမ့်သိမ့်စိုးမြင့်၏ အသံကြောင့် ဘေးမှာရပ်နေသည့် စန္ဒသော်ကအောင်သည် သူ့လွယ်အိတ်ကို ချက်ချင်းပဲ ပိုက်ပွေ့လိုက်၏။ ဒါကို ကျန်တဲ့ ကောင်မလေးသုံးယောက်ကလည်း မယုံသလိုလိုဖြင့် စန္ဒသော်ကအောင်ထံသို့ တိုးကပ်လာသည်။
"မလုပ်နဲ့နော်...ဘာမှမရှိပါဘူး ဆိုမှပဲ။"
"ဘာမှ မရှိရင်ပြလေ..."
လက်ဟန်နဲ့ပါပြောပြီး ရှေ့ကိုဆက်တိုးလာတဲ့ သိမ့်သိမ့်စိုးမြင့်တို့ သုံးယောက်ကြောင့် ကြောက်အားလန့်အားနှင့်နောက်သို့ ဆုတ်နေမိသည်က ခဏအကြာမှာ ခပ်မာမာ အရာတစ်ခုနှင့် တိုက်မိလို့ လှည့်ကြည့်လိုက်တော့...
"အကို""အင်း ! ဘာဖြစ်နေတာလဲ သော်။ နောက်ကိုမကြည့်ပဲ ဆုတ်နေတာ လဲကျလိမ့်မယ်။"
"ဒီမှာလေ သိမ့်သိမ့်တို့ သုံးယာက်က ကျွန်တော့်လွယ်အိတ်ကို ကြည့်မယ် လုပ်နေကြလို့..."
အကို့ရင်ခွင်ကို ခေါင်းမှီထားရင်းကနေပဲ အကို့ကိုမော့ကြည့်ရင်း တိုင်ပြောနေသည့် ကျွန်တော့်ပုံစံက ကလးတစ်ယောက်လေလားပဲ။ ကျွန်တော်ကလေ အကို့ကိုကျမှ ဇွတ်တွေအတင်းတွေ အားကိုးချင်မိတော့တာ။
"ပြလိုက်ပေါ့ သော်ရဲ့။ ဘာလဲ သော့်အိတ်ထဲမှာ ဘာရှိနေလို့လဲ...."