အပိုင်း (၁)

5.5K 180 31
                                    

ပထမနှစ်ကောင်မလေးတွေကြားမှာ ရေပန်းစားလှတဲ့ အကိုနဲ့ ကျွန်တော်စတွေ့ပုံက ဤသို့ဖြစ်၏။

"ဒါဆို ကပ်ကြီးသုံးပါးကို ညီမတို့သိကြလား"

အသက်(၁၆၊၁၇) အရွယ်အထိ သမ္ဗုဒ္ဓေဂါထာတော်ကို မရကြတဲ့သူတွေရှိသည်ဆိုတာကို ကျွန်တော်သိပေမယ့်လည်း ကပ်ကြီးသုံးပါဆိုတာကိုတော့ ထိုကောင်မလေးသိလောက်မည်ဟု ထင်မိသည်။ သူတို့ကိုယ်တိုင်လည်း ဆေးတက္ကသိုလ်ကျောင်းသူတွေမို့ ဤမျှလောက်ကိုတော့ သိလောက်မည်။

သို့သော်လည်း ကျွန်တော်ထင်တာနဲ့ဆန့်ကျင်စွာပင် ထိုကောင်မလေး သုံးဦးသည် လက်ဖဝါးကို ကြမ်းခင်းမှာချထားပြီး ခန္ဓာကို မတ်မတ်ထားကာဖြင့် ဟိုဟိုဒီဒီဖြေကြသည်။

ထိုအချိန်မှာ အစောက အမေးအသံပြုနေသူက ပြုံးသွားသည်။ တောက်ပတဲ့ အပြုံးတွေက ကျွန်တော့်မျက်လုံးတွေကို မျက်တောင်ခတ်ဖို့ အခွင့်မပေး။ ကျွန်တော့်မှာ မနီးမဝေးဆိုတဲ့အနေအထားကနေ မမှိတ်မသုန်နဲ့ ငေးလို့ကြည့်နေမိသည်။

အခုနေ ကပ်ကြီး(၃)ပါးက ဘာလဲဆိုတာ ကျွန်တော့်ကို လာမေးလျှင် ဘုန်းကြီးကျောင်းသား ကျွန်တော်ဖြေနိုင်မည်မဟုတ်တော့။ ဤမျှအထိကို ဖြစ်သွားရသည်။

"သတ္ထန္တရကပ်၊ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ် တဲ့ဗျာ။ ကပ်ဆိုတာ ဘာကိုခေါ်သလဲ သိရဲ့လား အမိတို့။"

ဂျူနီယာဖြစ်တဲ့ ပထမနှစ်ကောင်မလေးတွေအပေါ်မှာ အကိုကြီးတစ်ယောက်လိုမျိုး ပြောပြနေသည်ကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲက အလိုအလျောက်နှင့် အကိုဟု ရေရွတ်မိသည်။ "အကို"...သူနဲ့စကားမပြောရသေးခင် ပထမဆုံးအကြိမ် သူ့ကိုမြင်ဖူးသည့်ထိုအချိန်မှာ တည်းက ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲကနေ သူ့ကို မြတ်မြတ်နိုးနိုးနဲ့ခေါ်ချင်ခဲ့တဲ့ ဤနာမ်စား။

"ပျက်စီးခြင်းကို ကပ်လို့ခေါ်တယ်ဗျာ။ ကဲ အမိတို့ ကျောင်းစာတွေပဲ အာရုံစိုက်မနေနဲ့ ပြင်ပ ဗဟုသုတလေးတွေလည်း ဖတ်ကြဦး"

"အကိုကြီးက အရမ်းဉာဏ်ကောင်းတာပဲနော်။
အကုန်လုံးကို သိနေတော့တာ။"

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now