အပိုင်း (၁၄)

869 71 13
                                    

"ချောင်းဆိုးနေတဲ့ ညီကလေးကို
နွေးနွေးထွေးထွေး ထားပါလို။

နှာစေးနေတဲ့ ညီကလေးကို
နွေးနွေးထွေးထွေး ထားပါလို။

ညီလေးနားမှာ မီးခိုးကင်း
သက်သာ ချောင်ချိ စိတ်သန့်ရှင်း။

အစာရေစာ ကောင်းကောင်းကျွေး
ကာကွယ်ဆေးလဲ ထိုးလို့ပေး။
ညီလေး ကျန်းမာလန်းဖြာရေး။ တဲ့ဗျာ...."

"ဘယ်လို ကဗျာလဲ"လို့ အတွေးက ကဗျာချစ်တတ်ပါတဲ့ ကျွန်တော့်စိတ်ထဲ ပထမဆုံး ထင်မိသည့် အရာဖြစ်သည်။ဟုတ်သည် အမှန်တိုင်းပြောရရင် ကျွန်တော် စိတ်ညစ်နေသည်။ စိတ်ညစ်နေသည် ဆိုတာထက် စိတ်ပျက်အားငယ်နေသည်ဆိုလျှင် ပိုမှန်သည်။

ချောင်းဆိုးမပြတ်သေးသလို အဖျားပါဝင်ချင်နေတဲ့ ကျွန်တော့်ကို သူစိမ်းလက်ထဲ အပ်ရက်တဲ့ အကို့အကြောင်းကို တွေးမိရင် လောကီယောကျာ်းတစ်ယောက်အဖြစ်နှင့် ငိုကြွေးချင်မိသည်။

တကယ်ဆို ဒီနေ့ညနေအချိန်လေးမှာ ကျွန်တော့်ဘေး အကိုမရှိသည်က ဤသို့ ဝမ်းနည်းမှုအစုစုတို့၏ အစဖြစ်သည်။ ညနေကျောင်းဆင်းတော့ အကိုရောက်မလာပဲ အကို့အစား ကိုသန့်က ဆိုင်ကယ်နှင့်အိမ်လိုက်ပို့ပေးပြီး အဖျားတိုင်းဆေးပေး လုပ်ပေးခဲ့သည်က အကိုအကူညီတောင်းထားလို့ဆိုတာသိသည်။ အကို့စက်ကွင်းက မလွတ်ပါတဲ့ ဒီယုယမှုတွေက အကိုကိုယ်တိုင်မှမဟုတ်တာ။ ဒါကြောင့် ရင်နှင့်အမျှ ထမ်းပိုးလို့ အားငယ်နေရသည်။

အခုပဲကြည့် ရွှံ့နောက်နောက်နဲ့ အကို့ကဗျာရွတ်သံက ကျွန်တော့်အတွက် ပျော်ရွှင်မှုကို ဆောင်ကျဥ်းမပေးနိုင် ဖြစ်နေရသည်။

"ငိုနေတာတာလား သော်....."

ချက်ချင်းပဲ မျက်နှာလှည့်လိုက်ရသည်။ ကျွန်တော်တောင်မသိပါပဲ ကျဆင်းလာတဲ့ ဒီမျက်ရည်တွေကြောင့် ကျွန်တော်မှာမဝံ့မရဲဖြစ်သွားရသည်။ တကယ်ဆို ဘာမှမဟုတ်ပါပဲနဲ့ ဒီမျက်ရည်တွေ ကျလာဖို့ မကောင်းဘူးဗျာ။

"ညနေက ကိုသက်စာတွေကူပေးနေရလို့ပါ သော်ရ။ မဟုတ်ရင် သော့်ကို ကိုယ်လာကြိုတာပေါ့။ စိတ်မကောင်းမဖြစ်နဲ့နော် သော်။ "

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now