အပိုင်း (၃၇)

656 54 16
                                    

"ကိုယ် သယ်ကူမယ်။"

ကျွန်တော့်လက်ထဲက အဝတ်အိတ်ကို အကိုက ဆွဲယူလေတော့ ကျွန်တော့်ကလည်း အတင်းပဲ..
"မလုပ်ပါနဲ့ အကိုရာ..." ဟု ငြင်းဆန်ရသည်။

"ကိုယ်တို့က သူစိမ်းတွေလား သော်ရ..."

"ဗျာ..."

"ကိုယ့်ကိုပေး...."

ဘာမှဆက်မပြောတော့ပဲ ကျွန်တော့်လက်ထဲက အိတ်ကို ယူဆောင်သွားတဲ့အကို့နောက်ပါးမှာ ကျွန်တော်ဟာ အတွေးများစွာဖြင့် လေးတွဲ့စွာလျှောက်လာသည်။

ကျွန်တော်နဲ့ အကိုဟာ သူစိမ်းတွေမဟုတ်ဘူးလား။

"သော့ဖွင့်လေ သော်.."

လှေကားထစ်မှာရောက်နေပြီဖြစ်တဲ့ အကိုက ကျွန်တော့်ကိုလှည့်ကြည့်ကာဖြင့် ထိုသို့ပြောလာတော့ ကျွန်တော်လည်း ခပ်သွက်သွက်လျှောက်ကာ လှေကားထစ်ပေါ်ကိုတက်လိုက်သည်။

ကျဥ်းလှတဲ့ဒီလှေကားထစ်လေးမှာ ကျွန်တော်ရယ်အကိုရယ်ဟာ တစ်ယောက်ကိုတစ်ယောက် မဝံ့မရဲဖြင့်ကြည့်မိနေကြသည်။

အချိန်အတော်ကြာတဲ့အထိ ကျွန်တော်ဟာ အိတ်ကပ်ထဲက သော့ကိုထုတ်ယူဖို့ မစဥ်းစားမိပဲ အကို့မျက်နှာကိုသာ မိန်းမူးငေးကြည့်နေမိတော့သည်။

"Trust a slave you lose an eye, trust your children you lose both and then if we trust the love?"

ပီပီသသနဲ့ သြရှရှထွက်လာတဲ့ အသံဟာ တကယ့်ကို အင်္ဂစာကောင်းမှန်းသိသာစေသည်။ အကိုပဲလေ၊ ကျွန်တော့်ရောင်နီဝန်းပဲ ဒီလိုပြောတတ်တာဟာ အဆန်းတော့မဟုတ်ပါလေ။ အကိုက အရာရာမှာတော်လွန်းနေတာ။

"သော်  ကျွန်ကိုယုံရင် မျက်လုံးတစ်ဖက်ကန်းမယ်၊ သားသမီးကို ယုံရင်တော့ စုံလုံးကန်းမယ်တဲ့။ ဒါဆို ကိုယ်တို့အချစ်ကို ယုံမယ်ဆိုရင်ရော....."

အစောက အင်္ဂလိပ်လိုပြောတဲ့အကိုအသံမှာ မြောနေသည်က အဓိပ္ပါယ်ဘာမှန်းကျွန်တော် မသိလိုက်ပါ။ အခုအခါ အကိုက မြန်မာလို ပြောလာပါမှသာ ကျွန်တော့်ရင်က အစုန်အဆန်နဲ့ လှုပ်ရှားမှုသွက်လာရသည်။ ကျွန်တော့်နဖူးမှာလည်း ချွေးစို့လို့နေမည်မှာ မလွဲဧကန်ပင်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now